မန္တလေး မေ ၁၅
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်ဘူတာအနီးရှိ KM Terminal and Logistics Limited ၏ ကုန်းတွင်းဆိပ်ကမ်းလုပ်ငန်းခွင်သို့ ရောက်ရှိကာ ကုမ္ပဏီ၏ Phase 2 လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နေမှုနှင့် Phase 1 ရှိ လုပ်ငန်းလည်ပတ်ဆောင်ရွက် နေမှုများကို ကြည့်ရှုကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်မှုကောင်စီ ဉက္ကဋ္ဌနှင့်အတူ မန္တလေးမြို့ရှိ Pullman Mandalay Mingalar Hotel ၌ မန္တလေးတိုင်း ဒေသ ကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကိုဗစ်-၁၉ ကပ် ရောဂါဖြစ်ပွားမှုကြောင့် ဆုတ်ယုတ်ကျဆင်းခဲ့ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးပြန်လည် တည့်မတ်ရေးအတွက် အစိုးရနှင့်လုပ်ငန်းရှင်များ အားလုံးပူးပေါင်းဆောင်ရွက်မှသာ ကာလတို အတွင်း စီးပွားရေး ပြန်လည် ဦးမော့လာမည်ဖြစ်ပါကြောင်း။
လတ်တလော အနေအထားတွင် နိုင်ငံအတွင်းရှိသည့် လူထုအနေဖြင့် လှုံ့ဆော်မှုများ ကြောင့် ဘဏ်များအပေါ် ယုံကြည်မှု ကျဆင်းကာ မိမိတို့ အပ်နှံထားသည့် ငွေများကို ပြန်လည် ထုတ်ယူမှုများဖြစ်ပေါ်နေသည်ကို တွေ့ရကြောင်း၊ နိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံတော် ဗဟို ဘဏ်တို့က လိုအပ်သည့် အစီအမံများ ချမှတ်ပြင်ဆင်လျက်ရှိသဖြင့် ဘဏ်များနှင့် ပတ်သက်၍ လုပ်ငန်းရှင်များအနေဖြင့် စိတ်ပူပန်ရန်မလိုဘဲ ယခင်ကကဲ့သို့ပင် ယုံယုံကြည် ကြည်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ အာဆီယံ နိုင်ငံများ အနေဖြင့်လည်း မြန်မာ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးတိုးတက်မှု ရရှိရေးအတွက် အားပေးကူညီ ဆောင်ရွက်လျက် ရှိကြောင်း၊ စိန်ခေါ်မှုများ ရှိနေသော်လည်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ အရ စီးပွားရေးနှင့်ပတ်သက်သည့် အလားအလာ ကောင်းများ ရှိနေပါကြောင်း ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဦးမောင်ကိုက တိုင်းဒေသ ကြီးစီမံအုပ်ချုပ်မှုကောင်စီက စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာသည့် စီးပွားရေး လုပ်ငန်းရှင်များက လုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ နိုင်ငံတော် အစိုးရက ပံ့ပိုးကူညီပေးရန် လိုအပ်သည့်အချက်များနှင့် အကြံပြုချက်များ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်မှုကောင်စီဉက္ကဋ္ဌတို့က ပြန်လည် ရှင်းလင်းဆွေးနွေးကြကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment