Monday, May 10, 2021

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများအား အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

 နေပြည်တော် မေ ၉

နိုင်ငံတော်အတွင်း ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် နိုင်ငံတော်ပိုင်အဆောက်အအုံများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမကြီးများပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထားခြင်းများ ပြုလုပ်နေကြသည်ကို တွေ့ရှိရသည်။

ထိုသို့လုပ်ဆောင်ရာတွင် မေ ၈ ရက် ညနေ ၆ နာရီတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ရွာဘဲ ရပ်ကွက် သစ်တောရုံးလမ်းရှိ မဟာစေတီဘုရား တောင်ဘက်မုခ်အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ မအေးလေး (၃၇နှစ်) (ဘ)ဦးခင်သန်းသည် အမှိုက်ကောက်နေစဉ် ဘုရားတောင်ဘက်မုခ်အနီး လမ်းဘေးချုံအတွင်း တွေ့ရသော ကြွပ်ကြွပ်အိတ်တစ်လုံးကို ကောက်ယူ ဖွင့်ကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ မအေးလေး တွင် ဝဲမျက်ခုံး၊ ဝဲရင်အုံ၊ ဝဲယာခြေထောက်တို့တွင် ပွန်းပဲ့ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူနိုင်ရေး ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ပြီး အခင်းဖြစ်နေရာမှ Keypad ဖုန်း၊ PVC ကော်ပိုက်အပိုင်းအစများတွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

ပျက်စီးဆုံးရှုံး

အလားတူည၇နာရီ၅ မိနစ်တွင် ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၂)ရပ်ကွက် သစ္စာလမ်းရှိ “သန့်ဇင် ဆေးခန်းရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါဆေးခန်းရှေ့၌ လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲခဲ့ကြောင်းသိရှိရပြီး ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီးရှိနေသော အမျိုးသမီး တစ်ဦးနှင့် သုံးနှစ်အရွယ် ကလေးတစ်ဦးတို့တွင် ရင်ညွန့်၊ ဝဲ/ယာ လက်နှင့် ခြေထောက်တို့တွင် ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်းနှင့် ည ၇ နာရီ ၁၀ မိနစ်တွင် အမှတ်(၉)ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် မလိခလမ်းထောင့်ရှိ မြို့နယ် စည်ပင်ရုံးကို အကြမ်းဖက်သူ အမျိုးသား နှစ်ဦး (စိစစ်ဆဲ) မောင်းနှင်လာသော ဆိုင်ကယ်မှ လက်လုပ်မိုင်းနှစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါမိုင်းများမှ စည်ပင်ရုံးရှေ့သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါရုံးရှေ့ ပြတင်းတံခါးမှန်တစ်ချပ်နှင့် မီးချောင်းတစ်ချောင်းတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့အတူ ည၇ နာရီ၁၅ မိနစ်တွင် ဘားအံမြို့နယ် ရှိ အိန္ဒုနယ်မြေရဲစခန်းကို မြဝတီ-ဘားအံ ကားလမ်းအတိုင်း လွန်းညကျေးရွာဘက်မှ ဘားအံ မြို့ဘက်သို့ အကြမ်းဖက်သူအမျိုးသားနှစ်ဦး (စိစစ်ဆဲ) မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးမှ ၃၆ မမလက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေး ခဲ့ရာ ရဲစခန်းဝင်းအတွင်း ကျရောက်ပေါက်ကွဲမှုမရှိခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ရန်ကင်းဘုန်းကြီးကျောင်းဝင်းအတွင်းမှ အကြမ်းဖက်သူ ၁၀ ဦးခန့် (စိစစ်ဆဲ)က အဆိုပါရဲစခန်း မိသားစုနေအိမ်  လိုင်းခန်းများကို လက်လုပ်မိုင်း သုံးလုံးဖြင့် ပစ်ပေါက်ခဲ့ရာ လက်လုပ်မိုင်းများမှာ လိုင်းခန်းအနောက်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက အဆိုပါဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ အိန္ဒကျေးရွာနေ ခင်လင်းထွေး(ခ)ဖိုးခွား(၃၀နှစ်) (ဘ)ဦးချစ်ဆွေအား တွေ့ရှိရသဖြင့် ထိန်းသိမ်းစစ်ဆေးလျက်ရှိပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အအုံ ထိခိုက်ပျက်စီး မှုမရှိကြောင်း သိရသည်။

အလားတူည၈ နာရီခန့်တွင်မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက် ၆၂ လမ်းနှင့် ၆၃ လမ်းကြား၊ ၁၂၈ လမ်းနှင့်၁၂၉ လမ်းကြားရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးကို ၆၂ လမ်းမှ ၁၂၈ လမ်းဘက်သို့ အမျိုးသားနှစ်ဦး (စိစစ်ဆဲ) မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးမှ လက်လုပ်မိုင်းတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါ မိုင်းမှာ ၁၂၈ လမ်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အအုံထိခိုက် ပျက်စီးမှုမရှိကြောင်း သိရသည်။

ကျရောက် ပေါက်ကွဲ

အလားတူ ည ၈ နာရီခွဲတွင် မဟာအောင်မြေ မြို့နယ် ဟေမမာလာတောင်ရပ်ကွက်တွင် ပေါက်ကွဲ မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ ရာ ၇၈လမ်းအတိုင်း မြောက်မှ တောင်သို့ အမျိုးသား နှစ်ဦး(စိစစ်ဆဲ) စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးမှ မီးပိတ်မောင်းနှင်လာပြီး လမ်းမပေါ်သို့ လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ပေါက်ကာ ၇၈လမ်းအတိုင်း မောင်းနှင် ထွက်ပြေးသွား၍ အဆိုပါလက်လုပ်မိုင်းမှာ ၇၈ လမ်း နှင့် ၃၇ ထောင့်ရှိ “စန္ဒာမေဖက်ထုပ်ဆိုင်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

အလားတူည၈ နာရီ ၃၅ မိနစ်တွင် ကချင်ပြည် နယ် မိုးကောင်းမြို့ အိုးတန်းရပ်ကွက်(၆)နေ ဦးအောင်လှ (၆၃နှစ်) (ဘ) ဦးသိန်းတန်၏နေအိမ်ကို အကြမ်းဖက်သူ (စိစစ်ဆဲ)က လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ကြောင်းသတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးအောင်လှ၏ နေအိမ်တံခါးပေါက်မှ သုံးပေခန့်အကွာ ခြံဝင်းအတွင်းရှိ မြေကြီးပေါ်မှ APDF (TAS)စာတန်းပါ  ဖျူ့စ်မပါသည့် လက်ပစ်ဗုံးတစ်လုံးကို တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်းနှင့် တစ်ချိန်တည်းတွင် မိုးကောင်းမြို့နယ် နမ္မတီးမြို့ မြို့မရပ်ကွက်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့မှူး ဦးတင်လှိုင်၏ နေအိမ်ခြံဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးတင်လှိုင်၏ နေအိမ် အရှေ့ဘက်သုံးပေခန့်အကွာ ခြံဝင်းအတွင်းရှိ မြေကြီးပေါ်၌ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့ ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့်လူနှင့်အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

သက်မဲ့ပြုလုပ် အလားတူ ည ၉ နာရီ ၁၅ မိနစ်တွင် ကရင် ပြည်နယ် မြဝတီမြို့ အမှတ်(၃)ရပ်ကွက် တပင်ရွှေထီး လမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရှေ့၌ မသင်္ကာဖွယ်ရာ အထုပ်၁ထုပ် တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျောင်းရှေ့လမ်းပေါ်၌ ရပ်တန့်ထားသော စက်ဘီးခြင်းအတွင်းမှ ယမ်း နှင့်ဘောစေ့များ ထည့်ထားသည့် PVC ပိုက်ကို ဒီတိုနေတာ၊ သံပတ်နာရီ၊ ဓာတ်ခဲအသေး နှစ်လုံးတို့ နှင့်ချိတ်ဆက်ပြုလုပ်ထားသော လက်လုပ်ချိန်ကိုက် မိုင်းတစ်လုံးနှင့် ကျောင်းဝင်းအတွင်း Grade-8 အခန်းဘေး၌ PVC ပိုက်အတွင်း ယမ်းမှုန့်/သံဘော စေ့များ ထည့်ထားသောလက်လုပ်မိုင်းတစ်လုံးတို့ကို တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ ကြောင်း သိရှိရသည်။

အလားတူ ည ၁၀ နာရီခွဲတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့ ရွှေချီရပ်ကွက် ၇ လမ်းနှင့် ၈ လမ်းကြားရှိ မြို့မအခြေခံပညာ မူလတန်းကျောင်းအနီး၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျောင်း၏ တောင်ဘက်  လမ်းကြား ရေမြောင်းအတွင်းမှ ပေါက်ကွဲထားသည့် PVC ပိုက် အပိုင်းအစများ၊ ဒီတိုနေတာတစ်ခု၊ ဆားကစ်ပြားတစ်ခု၊ဝိုင်ယာကြိုးနှစ်ချောင်း၊ ခြင်ဆေး ဘူးအပိုင်းအစများ၊ ၃ ဒသမ၇ ဗို့ ဓာတ်ခဲအိမ်တစ်ခု၊ ယမ်းမှုန့်များကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ မေ ၉ ရက် နံနက် ၁ နာရီခန့်တွင် ကချင်ပြည်နယ် ရွှေကူမြို့နယ် မင်းကျောင်းကုန်း ကျေးရွာအနီးရှိ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း  ဒေသကြီးအစပ်ရှိ အရှည် ပေ ၃၀၀ ၊ အကျယ် ၂၅ ပေခန့်ရှိ ဒေသအခေါ် “ချောင်းဝ တံတားကို လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ မိုင်းခွဲဖျက်ဆီး ခဲ့ရာ တံတား၏ ကချင်ပြည်နယ်ဘက်ခြမ်းတွင် ရှစ်ပေပတ်လည်ခန့် ပေါက်ထွက်သွားခဲ့ပြီး  လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် တံတားမှာ လတ်တလော ယာဉ်များဖြတ်သန်းသွားလာ၍ မရ ကြောင်း သိရသည်။

လူထိခိုက်မှုမရှိ

အလားတူ နံနက် ၂ နာရီ ၂၅ မိနစ်တွင် မွန်ပြည် နယ် ရေးမြို့ ရန်ကြီးအောင်ရပ်ကွက် နတ်မောက် လမ်းနှင့် ဒူးယားလမ်းသို့ ဆက်သွယ်ထားသော လမ်းသွယ်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး ခဲ့ရာ အဆိုပါလမ်းသွယ်ပေါ်တွင် လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲထားသည်ကို တွေ့ရှိရပြီး ပေါက် ကွဲမှုကြောင့် အဆိုပါလမ်းဘေးရှိ ခြံစည်းရိုး အုတ်တံတိုင်းနှင့် နေအိမ်ပြတင်းတံခါးမှန်နှစ်ချပ် ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ နံနက် ၄ နာရီ မိနစ် ၂၀ တွင် မကွေး တိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာနေ ဒေါ်မြမွန်အေး (၄၃နှစ်) (ဘ) ဦးကျော်မြင့်၏ နေအိမ်ကို အကြမ်းဖက်သူ (စိစစ်ဆဲ)က လက်လုပ် ဗုံးဖြင့် ပစ်ပေါက်ခဲ့၍ အဆိုပါနေအိမ်ရှေ့ မြေကွက်လပ်ပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

အလားတူ နံနက် ၆ နာရီ ၁၅ မိနစ်တွင် ဧရာဝတီ ၊ တိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ရွှေကညင်ပင်ကျေးရွာနေ ဦးအောင်ကိုလတ် (၄၃နှစ်) (ဘ) ဦးလှမြိုင်၏နေအိမ်ကို အိမ်မဲဘက်မှ ကျောင်းကုန်းဘက်သို့ အမျိုးသားနှစ်ဦး(စိစစ်ဆဲ) မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးမှ လက်လုပ်မိုင်းတစ်လုံးဖြင့်  ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါလက်လုပ်မိုင်းမှာ ဦးအောင်ကိုလတ်၏ နေအိမ်ရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာမှ ကွမ်းစားဆေးဘူးအတွင်း ယမ်းနှင့်သံဘောစေ့များ ရောစပ်ပြုလုပ်ထားသော လက်လုပ်မိုင်း တစ်လုံး ပေါက်ကွဲထားသည်ကို တွေ့ရှိခဲ့ရပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အအုံ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

 

အလားတူ နံနက် ၆ နာရီ ၁၅ မိနစ်တွင် မန္တလေး ၊ တိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် အမှတ်(၈) ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၄) ရပ်ကွက်ရှိ မြင်းခြံ-ရေဝန်းကားလမ်းနှင့် သီရိ ဟေမာလမ်းထောင့်ရှိ “ကမ္ဘောဇဘဏ်ရှေ့တို့ကို အမျိုးသားနှစ်ဦး (စိစစ်ဆဲ) မောင်းနှင်လာသည့်  ဆိုင်ကယ်တစ်စီးမှ လက်လုပ်မိုင်းတစ်လုံးစီ ပစ်ပေါက်ထွက်ပြေးခဲ့၍ အသီးသီးပေါက်ကွဲခဲ့ပြီးပေါက်ကွဲမှုကြောင့် “ကမ္ဘောဇဘဏ်ရှေ့တွင် ထားရှိသော ATM စက် အောက်ခြေမှန်နှင့် ATM စက်ကို ကာရံထားသော စတီးတံခါးအောက်တန်း  ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်  လက်လုပ်မိုင်း အပိုင်းအစများကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

Keypad ဖုန်းဖြင့် ချိတ်ဆက်ပြုလုပ်ထား

အလားတူ နံနက် ၆ နာရီ မိနစ် ၄၀ တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ်(၂)ရပ်ကွက်ဧရာဝဏ်လမ်းရှိ ရထားသံလမ်းကူးအနီး၌ လက်လုပ်မိုင်းတစ်လုံး တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာမှ Keypad ဖုန်းဖြင့်  ချိတ်ဆက်ပြုလုပ်ထားသော အလျားကိုးလက်မခန့်ရှိ သံပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း တစ်လုံးကို တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ကမာ ရွတ်မြို့နယ် အမှတ်(၁)ရပ်ကွက် နဝရတ်လမ်းနှင့်

အောင်ချမ်းသာလမ်းထောင့်ရှိအင်ကြင်းပင်အောက်၌ လက်လုပ်မိုင်းတစ်လုံးတွေ့ရှိကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာမှ အလျား သုံးလက်မခန့်ရှိ ကော်ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်လုံးကို စနက်တံမီးလောင်ထား ပြီး မပေါက်ကွဲဘဲ တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်းသိရသည်။ ။

အလားတူ နံနက် ၇ နာရီတွင် လှိုင်မြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်းရှိ ကျောင်းအုပ်ကြီး ရုံးရှေ့၌ မသင်္ကာဖွယ်ကြွပ်ကြွပ်အိတ်အထုပ် တစ်ထုပ်တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကြွပ်ကြွပ်အိတ်အတွင်းမှ Keypad ဖုန်းဖြင့် ချိတ်ဆက်ပြီး ကော်ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံးကို တွေ့ရှိရသဖြင့် သက်မဲ့ ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၇ နာရီ မိနစ်၂၀ တွင် ကမာ ရွတ်မြို့နယ် အမှတ်(၂)ရပ်ကွက် အင်းစိန်လမ်းရှိ လူကူးခုံးကျော်တံတားပေါ်နှင့် နံနက် ၈ နာရီခန့်တွင် အမှတ်(၁)ရပ်ကွက် ရတနာမြိုင်လမ်းထိပ် ဆိုက်ကား ဂိတ်မှတ်တိုင်အနီး၌ ပေါက်ကွဲမှုများဖြစ်ပွားကြောင်း သတင်းအရလုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာအဆိုပါနေရာများမှ Keypad ဖုန်း၊ ဓာတ်ခဲတို့အား ဝိုင်ယာကြိုးဖြင့် ချိတ်ဆက်၍ကော်ပိုက်၊ သံပိုက်တို့ဖြင့်ပြုလုပ်ထားသောလက်လုပ် မိုင်းတစ်လုံးစီ ပေါက်ကွဲထားသည့် အပိုင်းအစ များအား အသီးသီးတွေ့ရှိရပြီး ရတနာမြိုင်လမ်းထိပ်  ဆိုက်ကားဂိတ်မှတ်တိုင်မှ မပေါက်ကွဲသေးသည့် Keypad ဖုန်း၊ ဓာတ်ခဲတို့အား ဝိုင်ယာကြိုးဖြင့်  ချိတ်ဆက်၍ အလျား ၆ လက်မခန့်ရှိ သံပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်လုံးနှင့် အလျား ၈ လက်မခန့်ရှိ ကော်ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်လုံးတို့ကို တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၉ နာရီတွင် ကချင်ပြည်နယ်  မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်ရှိ အမှတ်(၂)  အခြေခံပညာအထက်တန်းကျောင်း၌ လက်ပစ်ဗုံး တစ်လုံးတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျောင်းဝင်းအတွင်းရှိ ရေစင်အောက်၌ မပေါက်ကွဲ သေးသည့် SB တံဆိပ်ပါ သံကိုယ်ထည်လက်ပစ်ဗုံး တစ်လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၉ နာရီ မိနစ် ၂၀ တွင် ချင်း ပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက် ဗိုလ်ချုပ် လမ်းပေါ်ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးဝန်ထမ်းအိမ်ရာ၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သူအမျိုးသား သုံးဦး(စိစစ်ဆဲ)မောင်းနှင်လာသည့် ဆိုင်ကယ်နှစ်စီးမှ လက်လုပ်မိုင်းတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့၍ လက်လုပ်မိုင်းမှာ အဆိုပါဝန်ထမ်းအိမ်ရာရှေ့ ဆိုင်ကယ်ရပ်နားသည့် အဆောင်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါအဆောင်အား ကာရံထားသည့် သွပ်ပြားခြောက်ချပ်ပေါက်ပြဲ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ် များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ  ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်


 

No comments:

Post a Comment