နေပြည်တော် မေ ၁
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဧပြီ ၂၉ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် အတွင်း ပြန်လည်ထူထောင်ရေးဦးစီးဌာန လက်အောက်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေး စခန်း (နမ့်လတ်) သို့ကြည့်ရှုစစ်ဆေးသည်။
စစ်ဆေးစဉ် စခန်းအတွင်း ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ ဝန်ကြီးဌာန ဘတ်ဂျက်ဖြင့် တော်ဝင်ရွှေနန်းကုမ္ပဏီမှ ငွေကျပ်(၂၁၃ ဒသမ ၅၀၅)သန်းဖြင့် တင်ဒါအောင်မြင် ဆောက်လုပ် လျက်ရှိသော ပေ ၁၀၀x ပေ ၄၀၊ ၄ ခန်းတွဲ RC နှစ်ထပ်၊ ဝန်ထမ်းအိမ်ရာ ၅၀ရာခိုင်နှုန်း ပြီးစီးနေမှုအခြေအနေနှင့် ပိုင်ဖြိုးခန့် ကုမ္ပဏီမှ ကျပ်(၁၂၈ဒသမ၁၉၉၉)သန်းဖြင့် တင်ဒါ အောင်မြင် ဆောက်လုပ်လျက်ရှိသော ပေ ၆၀x ပေ ၄၀၊ RC နှစ်ထပ်၊ စခန်းရုံး (၇၀ရာခိုင်နှုန်း) ပြီးစီးကာ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အဆောက်အဦ များရေရှည်တည်တံ့စေရေးအတွက် အရည်အသွေးကြံ့ခိုင် ကောင်းမွန်ရေး၊ သတ်မှတ်လျာထားသည့် အတိုင်း လုပ်ငန်းပြီးစီးအောင်ဆောင် ရွက်နိုင်ရေးတို့အတွက် အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။
(သတင်းစဉ်)

No comments:
Post a Comment