Saturday, May 1, 2021

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဝင်များနှင့် တွေ့ဆုံ

 



 ရန်ကုန် မေ ၁

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ် (၂၂၈)ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်) အစည်းအ‌ဝေးခန်းမ၌    မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရွေးချယ်ရေး အဖွဲ့ဝင်များနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သစ္စာ၊ ဓမ္မ၊ ဝီရိယနှင့် စာဂဟူသည့် သတင်း စာဆရာ၏ မူဝါဒဆိုသည့် သဘောမျိုး၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီမှာ ပါဝင်သည့် လူငယ်များက လူကြီးများဆီက အတွေ့အကြုံကောင်းများကို  နည်းနာယူပြီး တည့်မတ် မှန်ကန်စွာ ဘက်လိုက်မှုမရှိဘဲ တရားမျှတစွာ ကြိုးစားကြမည်၊ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ကြမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ယာယီဥက္ကဌ ဒေါက်တာ မျိုးသန့်တင်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာ  ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်များ နှင့်အညီ  ဆောင်ရွက်မှုနေမှုများ    စပ်လျဉ်း၍ ဆွေးနွေးသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ယာယီ ဥက္ကဌ ဒေါက်တာ မျိုးသန့်တင်၊ ကောင်စီဝင်များဖြစ်ကြသည့် ဦးအုန်းမောင်(မြင်းမူ-မောင်နိုင်မိုး)၊ ဦးမျိုးထွန်း (မောင်စိမ်းနောင်- လယ်ဝေး)၊ ဦးခင်မောင်အေး (KMA)၊ ဦးရဲနိုင်စိုး၊ ဦးတင်မောင်ဦး၊ ဦးဌေးအောင် စသည့် ကောင်စီဝင်များ တက်ရောက်ကြသည်။

 

(သတင်းစဉ်)

No comments:

Post a Comment