နေပြည်တော် ဧပြီ ၂၆
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ
အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ
အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပဋိပက္ခအတွင်း
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ
ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမျိုးသားအဆင့်
ကော်မတီအဖွဲ့ဝင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ်နှင့်
အမျိုးသားအဆင့် ကော်မတီဝင်သက်ဆိုင်ရာဌာန များမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီ ဦးဆောင်မှုအောက်တွင် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများအရှိန်အဟုန် မပျက်ဆောင်ရွက်နိုင်ရေးအတွက်
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ
အမျိုးသားအဆင့်ကော်မတီကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ (၃၁-၃-၂၀၂၁) ရက်နေ့၊
ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၀/ ၂၀၂၁ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ လုပ်ငန်းကော်မတီကိုဆက်လက်၍
ပြင်ဆင်ဖွဲ့စည်း နိုင်ရန်နှင့် အတည်ပြုပြီးဖြစ်သည့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို
အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းစီမံချက်တွင် လက်ရှိအခြေအနေနှင့် လျော်ညီသည့်
အသုံးအနှုန်းအား ပြင်ဆင်အတည်ပြုပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို
ညှိနှိုင်းဆွေးနွေးရန် အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ Joint communique နှင့်
ပတ်သက်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ (၇) ရက်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်
စားလှယ်နဲ့ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏
အထူးကိုယ်စားလှယ် Ms. Pramila Pattenတို့ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊
ပူးတွဲကြေညာချက်ပါအကြောင်းအရာ များနှင့်စပ်လျဉ်းပြီး လုပ်ငန်းစီမံချက်ရေးဆွဲရန်နှင့်
လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင် ရွက်ရန် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ထွက်ပေါ်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်များအတွင်း အမျိုးသားအဆင့်ကော်မတီအစည်းအဝေးများကို စုစုပေါင်း (၇) ကြိမ်နှင့် လုပ်ငန်းကော်မတီအစည်းအဝေး
(၁)ကြိမ် ကျင်းပခဲ့ပါကြောင်း၊ ဆောင်ရွက်ခဲ့သည့် အစည်းအဝေး (၇)ကြိမ်အနက် တတိယအကြိမ်နှင့် ပဉ္စမအကြိမ်အမျိုးသားအဆင့် ကော်မတီ အစည်းအဝေးများ
တွင် UN အဖွဲ့အစည်းများ၊ Office of the
Special Envoy of the Secretary-General on Sexual Violence in Conflict–OSESGတို့ကို
(၂) ကြိမ်တိုင်တိုင် ဖိတ်ကြားဆွေးနွေးခဲ့ခြင်းကို သိရှိရပါ ကြောင်း။
လုပ်ငန်းစီမံချက်
(မူကြမ်း)အပေါ် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ အကြံပြုချက်များကို (၇)ကြိမ်တိတိ
တောင်းခံရေးဆွဲခဲ့ကြောင်း၊ အမျိုးသမီးကိုသာဦးတည်ခြင်း
မဟုတ်ဘဲ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုအားလုံးကို ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီ၏
အမည်ကို ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး
ဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ အဖြစ်လည်းကောင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ
အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖြစ်
လည်းကောင်း အမည်ပြောင်းလဲခဲ့ပါကြောင်း၊ သတ္တမအကြိမ်မြောက်
အမျိုးသားအဆင့်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များနှင့်အညီ ပြင်ဆင်ထားသည့် လုပ်ငန်းစီမံချက်
(မူကြမ်း)ကို နိုင်ငံ တော်သမ္မတရုံးသို့ တင်ပြအတည်ပြုချက်ရယူခဲ့ရာ ဇန်နဝါရီ ၇ ရက်တွင်
အတည်ပြုခဲ့ကြောင်း၊ အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း၊ လုပ်ငန်းစီမံချက်
အကောင် အထည်ဖော်ရေးအတွက် မိမိတို့ကဏ္ဍအလိုက် စတင်အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များ၊
ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းအစီ အမံများကို ဆွေးနွေးပေးကြပါရန် ပြောကြားသည်။
ဆက်လက်၍ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ
အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ
ဒုတိယဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှာစကားပြောကြားသည်။
ယင်းနောက် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ
အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ
အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
တားဆီးကာကွယ်ရေး နှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ ပြင်ဆင်ဖွဲ့စည်းရေးနှင့်
အတည်ပြုပြီးဖြစ် သည့် လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး
တက်ရောက် လာသည့် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့်
တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင်များက လုပ်ငန်းကော်မတီပြင်ဆင်
ဖွဲ့စည်းရေးနှင့် လုပ်ငန်းစီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးတို့နှင့်စပ်လျဉ်း၍
အကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက
နိဂုံးချုပ် စကားပြောကြားသည်။
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ
အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ
(၂/၂၀၂၁) အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ မေလ နောက်ဆုံးပတ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment