နေပြည်တော် ဧပြီ ၂၆
မြန်မာအားကစား ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့်
ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများ
ပြန်လည်ကျင်းပနိုင်ရေးနှင့် အားကစားကွင်း / အားကစားရုံများ တည်ဆောက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို
ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အားကစားနှင့်ကာယပညာဦးစီဌာန အစည်းအဝေးခန်းမ၌
ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်
ဦးထွန်းမြင့်ဦး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် (အားကစား)
ဦးသိန်းထွန်းလတ်၊ အားကစားနှင့်ကာယပညာဦးစီဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော
ဦးကျော်ဆန်း၊ ဦးကျော်ဦး၊ ဌာနခွဲညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တာဝန်ခံညွှန်ကြားရေးမှူးများနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင်
ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့်
တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင် ပွဲများကို (၂၀၂၀) မတ်လ မှစ၍ မကျင်းပနိုင်ခဲ့သည်မှာ
(၁)နှစ်ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အားကစားပြိုင်ပွဲ ကျင်းပရန်အတွက် ဘောလုံးအားကစားနည်းကို
စတင်ကျင်းပမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်
ပြည်နယ် အမျိုးသား(၂၁)နှစ်အောက်ဘောလုံးပြိုင်ပွဲနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်
(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို စတင်ကျင်းပမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲ
စည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပေးပို့ပြီးဖြစ်
ပါကြောင်း၊ ပြိုင်ပွဲဆုကြေးများ ယခင်နှစ်များ ထက်များစွာပိုမိုချီးမြှင့်သွားရန် စီစဉ်ဆောင်
ရွက်ထားရှိပါကြောင်း၊ (၂၀၂၁) ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ်အလေးမ၊
ဝူရှူး၊ ဖူဆယ်ပြိုင်ပွဲများကျင်းပရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း။
တိုင်း/ခရိုင်/မြို့နယ်
အဆင့်ပြိုင်ပွဲများကို ကျင်းပရာတွင် အားကစားကွင်း/ အားကစားရုံ ဥပဓိရုပ် ကောင်းမွန်ရေးသည်
အဓိကကျ၍ မိမိတို့မြို့နယ်၊ခရိုင်၊တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားကွင်းများ သန့်ရှင်းသာယာကောင်းမွန်ရေး၊
တိုင်း၊ခရိုင်၊မြို့နယ် ရှိအားကစား ဝန်ထမ်းများ၏ တာဝန်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်း
အတာဖြင့် မြို့နယ်(၃၃၀)တွင် ဘောလုံးကွင်း(၃၈၇)ကွင်း အားကစားရုံ(၂၃၈)ရုံရှိပြီး ဘောလုံးကွင်းမရှိ
သောမြို့နယ်(၃၄) မြို့နယ်နှင့် အားကစားရုံမရှိသောမြို့နယ်(၉၉)မြို့သာ ကျန်ရှိတော့ပါကြောင်း၊
၎င်းအတွက် လည်း (၅)နှစ်တာစီမံကိန်းရေးဆွဲထားပြီဖြစ်၍ ဘဏ္ဍာရေးနှစ်အလိုက်မူတည်ပြီး ထည့်သွင်း
တည်ဆောက်သွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ အားကစားကွင်း/အားကစားရုံ များကို လိုအပ်သည့်
မြို့နယ်များတွင် အားကစားကွင်း/အားကစားရုံများအဖြစ် မီတာ(၄၀၀) ပြေးလမ်း၊ ပွဲကြည့်စင် အုတ်တံတိုင်း၊ Inner
Fency၊ ရုံးဝန်ထမ်းနေအိမ် ရေရရှိရေးများကို သက်ဆိုင်ရာမြို့နယ် တိုင်းဒေသကြီး နှင့်ပြည်နယ်များ၏
လျာထားရန်ပုံငွေဖြင့် တည်ဆောက်ကြရန်နှင့် ပြည်ထောင်စုဘတ်ဂျက်မှ တတ်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ရှိပြီးသား
အားကစားကွင်း/ အားကစားရုံများကို ပြန်လည်ပြု ပြင်မွမ်းမံရာတွင် ပြည်ထောင်စုဘတ်ဂျက်မှ
တတ်နိုင်သလောက်ကျခံ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေကြီးနှင့် ပြည်နယ်တာဝန်ခံ
ညွှန်ကြားရေးမှူးများမှ အမြဲမပြတ် တွန်းအားပေးကြပ်မတ်စစ်ဆေးသွားကြရန် မှာကြားလိုကြောင်း
ပြောကြားသည်။
ထို့နောက် အစည်းအဝေး
တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံ
ညွှန်ကြားရေးမှူးများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
အစည်းအဝေး တက်ရောက်လာကြသော
အားကစားကွင်း/ အားကစားရုံညွှန်ကြားရေးမှူး ဦးကျော်ဆန်းဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)
ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဆန်း၊
ဦးကျော်ဦး၊ ဒုတိယမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်နှင့် ခေတ္တညွှန်ကြားရေးမှူးချုပ်
ဦးထွန်းမြင့်ဦးတို့က အသီးသီး ဖြည့်စွက်ပြောကြားကြရာ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း
သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment