ရန်ကုန် စက်တင်ဘာ ၂၀
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည်
ယနေ့နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့ သာကေတမြို့နယ် Fortune Plaza ၌
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များအသင်းချုပ်၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပသည့်
UMFCCI Centennial International Expo 2019 ဖွင့်ပွဲအခမ်းအနားသို့
တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာနနှင့်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး
လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ တိုင်းဒေသကြီးအစိုးရ
အဖွဲ့ ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ
သံအမတ်ကြီးများနှင့် သံရုံး တာဝန်ရှိသူများ၊ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊
အတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင် များ၊ ညီနောင်
အသင်းများမှ ဥက္ကဋ္ဌများနှင့် CEC, EC များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဂုဏ်ပြုအမှာစကားပြောကြားရာ တွင်
ကုန်သည်စက်မှု အသင်းချုပ် (UMFCCI)ကို မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ကာလ
၁၉၁၉ ခုနှစ်ကတည်းက မြန်မာမျိုးချစ် ကုန်သည်များက (Burmese Chamber of
Commerce) အဖြစ် စတင်ထူထောင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခု ၂၀၁၉ ခုနှစ်တွင်
သက်တမ်းအားဖြင့် နှစ်(၁၀၀)ပြည့်ခဲ့ပြီဖြစ်သည်မှာ
ဂုဏ်ယူဖွယ်ရာဖြစ်ပါကြောင်း။
ကုန်သည်စက်မှု အသင်းချုပ်အနေဖြင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက် တစ်လမ်းမှ အထောက်အကူ
ပြုနိုင်ရန်အတွက် သမိုင်းဝင် နှစ်(၁၀၀)ပြည့် အထိမ်း အမှတ်အဖြစ် ရည်ရွယ်ပြီး
ယခု Centennial Expo ကုန်စည်ပြပွဲကြီးကို ကျင်းပ ပြုလုပ်ခြင်း
ဖြစ်ကြောင်း၊ အားလုံးသိကြသည့်အတိုင်း ယခုကဲ့သို့ နိုင်ငံတကာအဆင့်
ကုန်စည်ပြပွဲကို ကျင်းပပြုလုပ်ခြင်းအားဖြင့် မိမိတို့နိုင်ငံ၏
ထွက်ကုန်ပစ္စည်းများကို မိတ်ဆက်ပြသနိုင်မည့် အခွင့်အလမ်းကောင်းများကို
ရရှိစေမည့်အပြင် ပြည်တွင်း လုပ်ငန်းရှင်များအပါအဝင်
စားသုံးသူများအနေဖြင့်လည်း နိုင်ငံတကာ ထုတ်ကုန် များနှင့်
နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ထားသည့် ပြည်တွင်းထုတ်ကုန် ပစ္စည်းများကို ပါ
လေ့လာထိတွေ့နိုင်မည့် အခွင့်အရေးကောင်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊
ထို့အပြင် ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်များအချင်းချင်း
အဆက်အသွယ်များ ရရှိလာ နိုင်မည်ဖြစ်ပြီး လုပ်ငန်းများ အချင်းချင်း
ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေ ကောင်းများလည်း ပေါ်ထွန်းလာ
မည်ဖြစ်ကြောင်း။
နိုင်ငံတော်အနေဖြင့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်း
ဆောင်ရွက်လျက်ရှိရာတွင် UMFCCI အပါအဝင် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများ၊
အသင်းအဖွဲ့များနှင့်တွေ့ဆုံ၍ တင်ပြချက်များ၊ အကြံပြုချက်များကို အလေးထား
ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်သင့်သည်များကို အချိန်နှင့်တစ်ပြေးညီ
ဆောင်ရွက် လျက်ရှိကြောင်း၊ ယနေ့ခေတ် စီးပွားရေးလုပ်ငန်းများအတွက်
ဈေးကွက်သည် အရေး အကြီးဆုံးဖြစ်ပြီး ပြည်တွင်းတွင် ထုတ်လုပ်သည့်
ကုန်ပစ္စည်းများ၊ ပြည်တွင်း ပြည်ပဈေးကွက်များတွင်
ယှဉ်ပြိုင်ရောင်းချနိုင်ရေးအတွက် နိုင်ငံတော် အစိုးရနှင့်အတူ
အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များအားလုံး တက်ညီလက်ညီ ပူးပေါင်း
ဆောင်ရွက်ရန် လိုအပ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့်
တိုင်းပြည်စီးပွား ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဈေးကွက်
စီးပွားရေးစနစ်နှင့်ကိုက်ညီသည့် စီးပွားရေး မူဝါဒများ ချမှတ်အကောင်အထည်ဖော်
ဆောင်ရွက်နေသည့်အပြင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး
တိုးတက်မှု အစီအစဉ် (MSDP) ကိုပါ ရေးဆွဲ၍ လူပုဂ္ဂိုလ်တစ်ဦး၊
အဖွဲ့အစည်းတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တဒင်္ဂ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုကိုသာ ရှေ့ရှုခြင်းမပြုဘဲ တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် မျှော်မှန်းကာ
သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရန်၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်
လာစေရန်နှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်သည့်
လူမှုပတ်ဝန်းကျင်ပေါ်ထွန်းလာစေရန် စသည်ဖြင့် ပန်းတိုင်များ၊ မဟာဗျူဟာနှင့်
လုပ်ငန်းစဉ်များကို စနစ်တကျ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း။
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်၏အရေးကြီးသည့် အခန်းကဏ္ဍ
တွင် ပါဝင်နေသည့်အတွက် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်
အောင်မြင် လာစေရန် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် စီးပွားရေး လုပ်ငန်းရှင်
များ၊ အသင်း အဖွဲ့များအနေဖြင့် ကုန်သည်စက်မှုအသင်းချုပ်နှင့်အတူ တက်ကြွစွာ
ပူးပေါင်းဆောင်ရွက် စေလိုကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး ပုဂ္ဂလိက
ကဏ္ဍ၏ အခက်အခဲများ၊ စိန်ခေါ်မှု များကို စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေး၍
သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာတွင်
အောင်မြင်မှု များ ရရှိနေကြောင်း၊ ကုန်သည်စက်မှုအသင်း ချုပ်အနေဖြင့်လည်း
နိုင်ငံတော်အစိုးရနှင့် စီးပွားရေး လုပ်ငန်းရှင်များအကြား ပေါင်းကူး
တံတားသဖွယ် ဆက်သွယ်ပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း
ကျေနပ်အားရမှုရှိကြောင်း။
ယနေ့ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ်
အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်း ပြပွဲကို ကုန်သည်စက်မှု အသင်းချုပ်အနေဖြင့်
ညီနောင်အသင်းများနှင့်အတူ ငွေအား၊ လူအား၊ စည်းရုံးရေးအင်အားတို့နှင့်
ပြည့်ပြည့်စုံစုံ၊ စနစ်တကျ စီစဉ်ပြသနိုင်ခြင်းကို ဂုဏ်ယူရ မည်ဖြစ်သကဲ့သို့
ကုန်သည်စက်မှုအသင်းချုပ်ကြီး နှစ်(၁၀၀)မှသည် နောင်နှစ်ပေါင်း များစွာကို
အမိမြန်မာနိုင်ငံတော်ကြီးနှင့်အတူ တည်တံ့ခိုင်မြဲပြီး အောင်မြင် တိုးတက်
ပါစေကြောင်း၊ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ တောင့်တင်းခိုင်မာဖွံ့ဖြိုးပြီး
နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုကို ဆတက်ထမ်းပိုး အထောက်အကူပြုနိုင်ပါစေဟု
ဆုမွန်ကောင်းတောင်း ရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့်
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ က ဂုဏ်ပြုအမှာစကား
ပြောကြားကြသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ
ဦးဇော်မင်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ယင်းနောက်
ဒုတိယသမ္မတ ဦးဟင်နရိဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊
မြို့တော်ဝန်ဦးမောင်မောင်စိုး နှင့် အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း
တို့က UMFCCI Centennial International Expo 2019 အခမ်းအနားအား စက်ခလုပ်
နှိပ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဒုတိယသမ္မတ၊
ပြည်ထောင်စုဝန်ကြီး၊ဝန်ကြီးချုပ် နှင့် တာဝန်ရှိ သူများသည် မှတ်တမ်းတင်
ဓာတ်ပုံရိုက်ကြပြီး UMFCCI Centennial International Expo 2019
အခမ်းအနားတွင် ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။
ကုန်သည်စက်မှု အသင်းချုပ်အနေဖြင့် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုး
တိုးတက်စေရန် အတွက် ပုဂ္ဂလိကကဏ္ဍမှ ပံ့ပိုးကူညီလျှက်ရှိရာ ပြည်တွင်း၊
ပြည်ပစီးပွားရေး လုပ်ငန်းရှင်များ အချိတ်အဆက် မိမိလုပ်ကိုင်နိုင်စေရေး၊
နိုင်ငံတကာဈေးကွက်သို့ မြန်မာ့ ထုတ်ကုန် ပစ္စည်းများ ထိုးဖောက်ဝင်ရောက်
ရောင်းချနိုင်စေရေး၊ ပြည်ပမှ အရည် အသွေးမြင့် သွင်းကုန်ပစ္စည်းများ
ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာနိုင် စေရေး ရည်ရွယ်ချက်ဖြင့်
အဆိုပါပြပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ပြပွဲကျင်းပခြင်းအားဖြင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ပြည်ပဈေးကွက်သို့
ထိုးဖောက်တင်ပို့နိုင်ရေးအတွက် မိတ်ဆက်ပေးရုံသာမက အခွင့်အလမ်း
ကောင်းများစွာ ရရှိလာနိုင်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ စီးပွားရေး
လုပ်ငန်းရှင်များ အချင်းချင်း စီးပွားရေး ဆိုင်ရာတွေ့ဆုံဆွေးနွေးမှုများ
ပြုလုပ် နိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊
အသေးစားအလတ်စား စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတကာ
ထုတ်ကုန်ပစ္စည်းများနှင့် နည်းပညာများကို လေ့လာသိရှိပြီး
ယှဉ်ပြိုင်နိုင်စွမ်းမြင့်မား လာအောင် ကြိုးစားလာနိုင် ကြမည်ဖြစ်ကြောင်း
MSME များ တိုးတက်လာပါက အလုပ် အကိုင် အခွင့်အလမ်းများ ဖန်းတီးပေးနိုင်မည်
ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် ဂျာမနီ၊ နယ်သာလန်၊ ဂျပန်၊
ကိုရီးယား၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ် နှင့် ပြည်တွင်းလုပ်ငန်းရှင်များမှ
မော်တော်ယာဉ်များ၊ စက်ပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများ၊ ဆောက်လုပ်ရေး
လုပ်ငန်းသုံး ပစ္စည်းများ၊ အိမ်တွင်း အလှဆင် လုပ်ငန်းများ၊ အလှကုန်
ပစ္စည်းများနှင့် အဝတ်အထည်များ၊ လက်ဝတ်ရတနာများ၊ စားသောက်ကုန် ပစ္စည်း
များ၊ ယာဉ်အပိုပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေး၊ သတင်း အချက်အလက်နှင့်
နည်းပညာကဏ္ဍစသည့် ဆိုင်ခန်းပေါင်း(၂၃၅)ခန်း ပါဝင်ပြသ ခဲ့ကြသည်။
ယနေ့ကျင်းပသည့် UMFCCI Centennial International Expo 2019 ပြပွဲကို
စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၊
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနတို့က
ပူးပေါင်းပါဝင် ပံ့ပိုးကူညီထားပြီး စက်တင်ဘာ (၂၀)ရက် မှ (၂၂)ရက်အထိ
(၃)ရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment