Monday, September 23, 2019

အိန္ဒိယနိုင်ငံ၏ အကြီးဆုံး IndiGo လေကြောင်းလိုင်းမှ ပထမဆုံး ရောက်လာသော လေကြောင်းခရီးစဉ်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို





ရန်ကုန် စက်တင်ဘာ ၂၂
အိန္ဒိယနိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်းဖြစ်သည့် IndiGo ခရီးသည် တင် လေယာဉ်သည် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမှ စက်တင်ဘာ ၂၀ ရက် မြန်မာစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ပြေးဆွဲပျံသန်းလာသည့် ပထမဆုံး ခရီးစဉ်အဖြစ် ရောက်ရှိလာသော လေယာဉ်နှင့် ခရီးသည်တို့ အား ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ဆိုက်ရောက်လာခဲ့သည်။

အဆိုပါလေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆိုက်ရောက်စဉ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ IndiGo လေကြောင်းလိုင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်း လိုင်းတာဝန်ရှိသူများ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် လုပ်ငန်းများကို စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသော Yangon Aerodrome Company Limited (YACL) မှ တာဝန်ရှိသူ များက အခမ်းအနားဖြင့် ခရီးဦးကြို ဂုဏ်ပြုကြိုဆို ခဲ့ကြသည်။
▄ ပျံသန်းပြေးဆွဲပေးသွားမည် ▄
အိန္ဒိယနိုင်ငံမှ လေကြောင်းလိုင်း တစ်ခုဖြစ်သည့် IndiGo လေကြောင်း လိုင်း၏ ကိုလ်ကတ္တား - ရန်ကုန် ခရီးစဉ်မှသည် မြန်မာနိုင်ငံ၏ ဝင်/ထွက်ပေါက် ဖြစ်သည့် ရန်ကုန်မြို့နှင့် အိန္ဒိယနိုင်ငံရှိ မြို့များသို့ နေ့စဉ် ချိတ်ဆက် ပျံသန်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
▄ လေကြောင်းချိတ်ဆက်မှု ပိုမိုများပြား ▄
ခရီးစဉ်တစ်ကြောင်းလျှင် ပျမ်းမျှ ၂ နာရီ မှ ၂ နာရီခွဲခန့် ကြာမြင့်မည့် အဆိုပါခရီးစဉ်ကို ခရီးသည် ဦးရေ ၁၈၀ သယ်ဆောင်မှုပေးနိုင်သည့် Airbus A320 အမျိုးအစားလေယာဉ်ဖြင့် နေ့စဉ် ပျံသန်းပြေးဆွဲပေးသွား မည်ဖြစ်သည်။
မျိုးမင်းသိန်း(မရမ်းကုန်း)

No comments:

Post a Comment