Sunday, September 15, 2019

ရေဘေးသင့်ဒေသများ အလျင်အမြန် ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းငွေများ လက်ခံရရှိ


ရန်ကုန် စက်တင်ဘာ ၁၅
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ရေဘေးသင့်ဒေသများ အလျင်အမြန် ပြန်လည် ထူထောင်ရေးအတွက် စေတနာရှင်ပြည်သူများ၏ လှူဒါန်းငွေများ၊ လူအသုံးအဆောင် ပစ္စည်းများကို ယမန်နေ့ညနေပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ လာရောက်လှူဒါန်းကြရာ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူသည်။

အခမ်းအနားတွင် အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးက ရေဘေးသင့်ဒေသများ အတွက် လာရောက်လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူငွေများကို ပေးအပ်ရာ ဒဂုံအရှေ့ စက်မှုဇုန်အပိုင်း(၁) အဆင့်မြှင့်တင် ကြီးကြပ်မှု ကော်မတီက ငွေကျပ် (၇,၇၅၅,၀၀၀-/)နှင့်ငွေကျပ် (၁,၁၈၅,၀၀၀-/) တန်ဘိုးရှိ လူအသုံးအဆောင်ပစ္စည်းများ၊ ဒဂုံ မြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ရွာသားကြီးအလတ်စား စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီကငွေကျပ် (၁,၁၉၃,၀၀၀-/) ၊KoeKoe Tech IT Social Enterprise ကငွေကျပ် (၁,၀၀၀,၀၀၀-/)နှင့်ငွေကျပ် (၃၁၈၀၀) တန်ဘိုးရှိ စားသောက်ကုန် ပစ္စည်းများ၊ ကျောင်းအကျိုးတော်ဆောင် ဒေါ်ခင်ယုမွန် ဦးစီးသော အထက(၁)ဒဂုံမြို့နယ်၏ ၂၀၁၈-၂၀၁၉တက္ကသိုလ်ဝင်တန်း EC ကျောင်းသား၊ ကျောင်းသူများက ငွေကျပ်(၅)သိန်း၊ (၁၄၄)ရပ်ကွက် အသံ၊ အနံ့ စက်မှုဇုန်ကော်မတီက ငွေကျပ် (၃၁၅,၀၀၀-/) တို့ကို အသီးသီး ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားသည်။
(သတင်းစဉ်)

No comments:

Post a Comment