ပြင်ဦးလွင်ခရိုင်အတွင်းရှိ သက်ကြီးရွယ်အိုများပါဝင်သော လူမှုအားမာန် အဖွဲ့များနှင့်
တွေ့ဆုံ ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက အင်းပုတ်ကျေးရွာ၌ ကျင်းပရာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ
ဝင်းမြတ်အေး တက်ရောက်၍ ထောက်ပံ့ငွေများ ပေးအပ်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက
လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာအရ အသက်ကြီးသူများ ဦးဆောင်သော
သက်ကြီးသူချင်း ကူညီ စောင့်ရှောက်ရေး အဖွဲ့များကို ထောက်ပံ့လျက်ရှိပါကြောင်း၊ ယခုအခါမျိုးဆက်သစ်လူငယ်များ၊
လူလတ် ပိုင်းများပါ ပါဝင်၍ သက်ကြီးရွယ်အိုများ နှင့်အတူ ခွဲခြားမှုမရှိဘဲပူးပေါင်း၍
အားလုံး ပါဝင်သော အချင်းချင်း ကူညီ စောင့်ရှောက်ရေး အဖွဲ့များကို ၂၀၁၉ခုနှစ် ဇန်နဝါရီလမှစ၍
လူမှု အားမာန်အဖွဲ့များ အဖြစ် ပြောင်းလဲ ဆောင် ရွက်လျက်ရှိပါကြောင်း၊ အောက်တိုဘာ(၁)
ရက်တွင် အပြည်ပြည် ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ ယခုနှစ်
မှစ၍ သက်ကြီးဘိုးဘွားများအား အသက်အရွယ်ကြောင့်ခွဲခြားခြင်းမျိုး မရှိစေရဘဲ စွမ်းဆောင်နိုင်မှု
အလိုက်ရှေ့ဆက်လျှောက်လှမ်း နိုင်အောင် ပံ့ပိုးကူညီကြရမည် ဖြစ်ကြောင်း။
ယနေ့တက်ရောက်လာကြသည့်
လူမှုအားမာန်အဖွဲ့အနေဖြင့်ကြုံတွေ့ရ သည့် အခက်အခဲ များအပေါ် ဆွေးနွေးပေးကြရန်ဖိတ်ခေါ်ပါကြောင်း၊
ပူးပေါင်းဆောင်ရွက် လိုသည့် နည်းလမ်းများ ရှိပါကလည်း လူမှုဝန်ထမ်း ဦးစီးဌာနသို့ ဆက်သွယ်
ညှိနှိုင်းဆောင်ရွက်နိုင်ပါကြောင်း၊ ယခုလူမှု အားမာန်အဖွဲ့များ တွင် ပါဝင်ကြသည့် သက်ကြီးရွယ်အိုများသည်
အိုမင်းသော်လည်း စွမ်းဆောင်မှုအလိုက် မိမိအပါ အဝင်၊ မိသားစု၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်
တက်ကြွစွာပါဝင်ဆောင်ရွက် လျက် ရှိသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်မိပါကြောင်း၊ ယနေ့
တွေ့ဆုံ ရသော လူမှုအားမာန်အဖွဲ့ (၁၁)ဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်သန် တည်မြဲမှုရှိနေရန်
ဝန်ကြီးဌာနအနေဖြင့် ဆက်လက် ပူးပေါင်းပံ့ပိုးထောက် ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြင်ဦးလွင်မြို့နယ်၊
ချယ်ရီမြေသက်ကြီးရွယ်အို စောင့်ရှောက်ရေး မြို့နယ် ချိတ်ဆက် ဆပ်ကော်မတီဥက္ကဋ္ဌ ဦးထွန်းတင်က
လူမှုအားမာန် အဖွဲ့များ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ
သည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့က လူမှုအားမာန် အဖွဲ့များဖြစ်သော ဖူးပွင့်ဝေဆာအဖွဲ့၊
လင်းရောင်ခြည် အဖွဲ့၊ မိုးသောက် ပန်း အဖွဲ့၊ အရုဏ်ဦးအဖွဲ့၊ စမ်းသော်တာအဖွဲ့၊ ချမ်းမြေ့သာယာအဖွဲ့၊
လပြည့်ဝန်းအဖွဲ့၊ ကြယ်စင်လင်းလက်အဖွဲ့၊ သုခရိပ်သာ အဖွဲ့၊ ရောင်ခြည် ဦးအဖွဲ့နှင့် ပွင့်သစ်စအဖွဲ့မှ
တာဝန်ရှိ ဘိုးဘွားများအား တစ်ဖွဲ့လျှင် ငွေကျပ် (၁၀) သိန်းစီ ထောက်ပံ့ပေးအပ်သည်။
မြန်မာနိုင်ငံတွင်အားလုံးပါဝင်သော
အချင်းချင်းကူညီစောင့်ရှောက်ရေး အဖွဲ့ ( Inclusive Self-Help Group) အနေဖြင့် ပြင်ဦးလွင်မြို့နယ်တွင်
(၁၁)ဖွဲ့၊ မတ္တရာမြို့နယ်တွင် (၁၀)ဖွဲ့၊ ပုသိမ်ကြီးမြို့နယ် တွင် (၈)ဖွဲ့၊ မလှိုင်မြို့နယ်တွင်
(၃၀)၊ တောင်သာမြို့နယ်တွင်(၃၀)၊ မြင်းခြံမြို့နယ်တွင် (၃၀)နှင့် နွားထိုးကြီးမြို့နယ်တွင်(၃၀)
စုစုပေါင်း လူမှုအားမာန်အဖွဲ့ (၁၄၉) ဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment