Saturday, September 21, 2019

၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲ (၈၁၃)တွဲကို ယူရိုငွေ ၇၁ ဒသမ ၂၄၂ သန်းဖြင့်ရောင်းချ



နေပြည်တော် စက်တင်ဘာ ၂၁
၂၀၁၉ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက် ၇ နာရီခွဲမှစတင်၍ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမနှင့် မဏိရတနာ ကျောက်စိမ်းဝန်းအတွင်း၌ ဆက်လက် ကျင်းပသည်။

ယနေ့ပြပွဲတွင် ပြည်တွင်းပြည်ပရတနာကုန်သည်များက စိတ်ကြိုက်ကြည့် ရှု လေ့လာ ၍ ဈေးနှုန်း တင်သွင်းလွှာများ ရေးသားတင်သွင်းထားသည့် ကျောက်စိမ်းအတွဲအမှတ် (၁၃၁၂) မှ (၂၆၁၁)အထိ ကျောက်စိမ်းအတွဲ ပေါင်း (၁၃၀၀)ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရာ ကျောက်စိမ်းအတွဲ (၈၁၃)တွဲကို ယူရိုငွေ ၇၁ ဒသမ ၂၄၂ သန်းဖြင့်ရောင်းချ နိုင်ခဲ့သည်။
၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ဖြစ်သည့် စက်တင်ဘာ ၂၂ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် (၂၆၁၂)မှ(၃၉၁၁) အထိ ကျောက်စိမ်း အတွဲပေါင်း(၁၃၀၀)ကို အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချသွားမည် ဖြစ်သည်။
အလားတူ ကျောက်စိမ်းအတွဲ အမှတ် (၃၉၁၂)မှ (၅၂၁၁)အထိ ကျောက် စိမ်း အတွဲပေါင်း(၁၃၀၀)ကို စက်တင်ဘာ ၂၃ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲ အမှတ် (၅၂၁၂) မှ (၆၅၁၁)အထိ ကျောက်စိမ်း အတွဲပေါင်း(၁၃၀၀)ကို စက်တင်ဘာ ၂၄ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲ အမှတ် (၆၅၁၂)မှ(၇၈၁၁)အထိ ကျောက်စိမ်း အတွဲပေါင်း(၁၃၀၀)ကို စက်တင်ဘာ၂၅ ရက်တွင် လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချသွားမည်ဖြစ်သည်။
ယခုနှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် အခြေခံဈေး ယူရိုငွေ (၁၀၀၀)နှင့် အထက်တန်ဖိုးရှိ ကျောက်စိမ်းအချောထည်များနှင့် အခြေခံ ဈေး ယူရိုငွေ (၅၀၀၀)နှင့် အထက်တန်ဖိုးရှိ ကျောက်စိမ်းအတွဲ စုစုပေါင်း (၇၈၁၁)တွဲကို ပြသရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း-မျိုးသူဟိန်း၊ ဓာတ်ပုံ-အေးသန်း

No comments:

Post a Comment