နေပြည်တော် စက်တင်ဘာ ၂၁
မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့်
အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင်
ရန်ကုန်မြို့ ဗညားဒလလမ်းရှိ စရီဘူသ်နာထ် မဟာဒေဝ် ဘုရားကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ဒေါက်တာခင်အေး
(မောင်ခင်မင်-ဓနုဖြူ)၊ လယ်တွင်းသား စောချစ် နှင့် မင်းကိုနိုင်တို့က မဟတ္တမဂန္ဒီ၏ ဝါဒနှင့်
ကျင့်စဉ်များကို ဟောပြောကြပြီး ABE မှ Country Manager Mr. Suren Verma က “မဟတ္တမဂန္ဒီနှင့်
တစ်သက်တာပညာ”၊ ရေနံချောင်း ဒီဂရီကောလိပ် မြန်မာစာ ဌာနမှူး ပါမောက္ခဒေါက်တာ သန်းဝင်း
(မောင်သန်းဝင်း၊ ရန်ကုန်တက္ကသိုလ်)က “ငြိမ်းချမ်းရေး ဗိသုကာဂန္ဒီဝါဒ”နှင့် အင်ကြင်းမေ
ဟိန္ဒူအမျိုးသမီးများ ကွန်ရက်မှ ဒေါ်ကက်သလင်းသိန်း @ Kalpana Kumari က “အကြမ်းမဖက်ဝါဒ၏
ပဲ့ကိုင်ရှင်” ခေါင်းစဉ်များဖြင့် စာတမ်းဖတ်ကြား ကြသည်။
အဆိုပါ အခမ်းအနားသို့
မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ နှင့်ကော်မတီဝင်များ၊
စာပေဝါသနာရှင်များ တက်ရောက်ကြသည်။
မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့်
အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီ တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ
လက်ဝှေ့အား ကစားရုံတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ရီရီမြင့်၊
ဓာတ်ပုံ - လှမိုး
No comments:
Post a Comment