Home

Saturday, September 21, 2019

မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲ ကျင်းပ


နေပြည်တော် စက်တင်ဘာ ၂၁
မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗညားဒလလမ်းရှိ စရီဘူသ်နာထ် မဟာဒေဝ် ဘုရားကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ လယ်တွင်းသား စောချစ် နှင့် မင်းကိုနိုင်တို့က မဟတ္တမဂန္ဒီ၏ ဝါဒနှင့် ကျင့်စဉ်များကို ဟောပြောကြပြီး ABE မှ Country Manager Mr. Suren Verma က “မဟတ္တမဂန္ဒီနှင့် တစ်သက်တာပညာ”၊ ရေနံချောင်း ဒီဂရီကောလိပ် မြန်မာစာ ဌာနမှူး ပါမောက္ခဒေါက်တာ သန်းဝင်း (မောင်သန်းဝင်း၊ ရန်ကုန်တက္ကသိုလ်)က “ငြိမ်းချမ်းရေး ဗိသုကာဂန္ဒီဝါဒ”နှင့် အင်ကြင်းမေ ဟိန္ဒူအမျိုးသမီးများ ကွန်ရက်မှ ဒေါ်ကက်သလင်းသိန်း @ Kalpana Kumari က “အကြမ်းမဖက်ဝါဒ၏ ပဲ့ကိုင်ရှင်” ခေါင်းစဉ်များဖြင့် စာတမ်းဖတ်ကြား ကြသည်။
အဆိုပါ အခမ်းအနားသို့ မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ နှင့်ကော်မတီဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ကြသည်။
မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီ တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ လက်ဝှေ့အား ကစားရုံတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ရီရီမြင့်၊ ဓာတ်ပုံ - လှမိုး

No comments:

Post a Comment