နေပြည်တော် စက်တင်ဘာ ၁၅
ဒီနေ့ဟာ
အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ ဖြစ်ပါတယ်။ ဒီလိုအခမ်းအနားတွေ ကျင်းပတဲ့အခါ
ကျွန်မတို့အနေနဲ့ အခမ်းအနားကျင်းပခြင်းရဲ့ အကြောင်းတွေကိုလည်း
လေ့လာဖို့လိုပါတယ်။ ရည်ရွယ်ချက်တွေကိုလည်း စဉ်းစားဖို့လိုပါတယ်။
အခုကျွန်မတို့ ဒီနေ့မှာ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အနေနဲ့ ကျင်းပရတာဟာ
ကမ္ဘာတစ်ဝှမ်းမှာ ဆိုရင် ဒီမိုကရေစီကို အလေးထားလာတဲ့နိုင်ငံတွေ
အင်မတန်များလာလို့ဖြစ်ပါတယ်။ ဒါပေမယ့် အလေးထားတာနဲ့ တန်ဖိုးထားတာဟာ
မတူဘူးဆိုတာ ကျွန်မတို့ ဂရုစိုက်ဖို့ လိုပါတယ်။ သတိချပ်ဖို့လိုပါတယ်။
ကျွန်မတို့စဉ်းစားရမှာက ဒီမိုကရေစီဆိုတာ မြေထဲ ပင်လယ်က မြို့လေးတစ်မြို့မှာ
နှစ် ၂၅၀ဝ ကျော်လောက်က ပေါက်ဖွားလာတဲ့ စနစ် တစ်ခုဟာ ဘာကြောင့်
တစ်ကမ္ဘာလုံးကို ပြန့်သွားတာလဲ။ ဘာကြောင့် ဒီခေတ်ကမ္ဘာမှာ ဆိုရင် ဒီစနစ်ကို
ဘယ်လောက်တောင်မှ အလေးထားကျတာလဲဆိုတာ ကျွန်မတို့ လေးလေးနက်နက်စဉ်းစားဖို့
လိုပါတယ်။
ဒီမိုကရေစီဆိုတော့လည်း တိုက်ရိုက်ဘာသာပြန်လိုက်မယ်ဆိုရင်
ပြည်သူ့အင် အားပေါ့။ ပြည်သူ့တွေရဲ့အင်အားဆိုတော့ အင်အားဆိုတာ
အကောင်းအတွက်လည်း သုံးလို့ရသလို အဆိုးအတွက်လည်း သုံးလို့ရပါတယ်။
အကောင်းအတွက်ဆိုရင် ကိုယ် သုံးသလို ကောင်းအောင်လုပ်လို့ရပါတယ်။ ကျွန်မတို့
ဒီနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေ စီနေ့အတွက် သတ်မှတ်ထားတဲ့ဆောင်ပုဒ်
အားလုံးပူးပေါင်း ဆောင်ရွက်ကြစို့ဆိုတော့ ဒီမိုကရေစီရှင်သန်ရေးအတွက်
ဘယ်လိုကျွန်မတို့ ပူးပေါင်းဆောင်ရွက်မလဲ။ ပြည်သူ့ အင်အားကို မှန်မှန်ကန်ကန်
ထိထိရောက်ရောက် အသုံးချရေးအတွက် ဘယ်လိုဆောင် ရွက်ကြမလဲဆိုတာကို
ကျွန်မတို့စဉ်းစားရ မှာဖြစ်ပါတယ်။ အခြေခံအားဖြင့် ကြည့်လိုက်ရင်
အင်အားဆိုတာ မှန်မှန်ကန်ကန် သုံးစွဲဖို့ ဆိုရင် ချိန်ခွင်လျှာညီမျှမှုဟာ
အင်မတန်မှ အရေးကြီးပါတယ်။ ပြည်သူ့အင်အားဆိုတာ ဘယ်သူ့အတွက်လဲ၊
ပြည်သူတွေအတွက်။ ပြည်သူတွေဆိုတာ ဘယ်သူတွေလဲဆိုတော့ တစ်ဦးချင်းတစ်ဦးချင်းပဲ။
ကျွန်မတို့ ပြည်သူတွေအားလုံးဟာ တစ်ဦးချင်း တစ်ဦးချင်းက စတာပဲ။
ကျွန်မတို့တကယ်ပဲ ဒီမိုကရေစီကို တန်ဖိုးထားပြီး ရှင်သန်စေချင်တယ်ဆိုရင်
ပရဟိတ၊ အတ္တဟိတ ဒီနှစ်ခုကို ချိန်ခွင်လျှာညီမျှအောင် လုပ်ရမှာဖြစ်ပါတယ်။
နိုင်ငံ အများအပြား၊ အဖွဲ့အစည်းအများအပြားဟာ ဒီမိုကရေစီကို လက်ခံတာဟာ
အများက လုပ်ဆောင်ခြင်းအားဖြင့် အများအကျိုးကိုပိုပြီး ထိထိရောက်ရောက်
ထမ်းဆောင်နိုင်မယ် ဆိုတာကို ယုံကြည်လို့ ဖြစ်ပါတယ်။ ဒီလိုအများအကျိုးအတွက်
လုပ်ဖို့ဆိုရင် ချိန်ခွင်လျှာ ညီမျှဖို့လိုပါတယ်။ ကျွန်မတို့လူသားများဟာ
ကိုယ့်အကျိုးအတွက်ပဲ ကိုယ်လုပ်ချင်ကြ တာဖြစ်ပါတယ်။
ဒီဟာကိုလျစ်လျူရှုထားလို့ စနစ်တစ်ခုကိုအောင်မြင်အောင် လုပ်လို့ ရမှာ
မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာ တကယ်တော့ စနစ်လို့ ဆိုရမှာထက် ယဉ်ကျေးမှု
တစ်ခုလို့ပဲ ဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ
နိုင်ငံရေးကိစ္စတင်မဟုတ်ပါဘူ။ လူမှုရေး၊ စီးပွားရေး၊
အတွေးအခေါ်ကိစ္စတွေလည်း ပါပါတယ်။ ဒါကြောင့် ယဉ်ကျေးမှု တစ်ရပ်ပါ။
ဒီမိုကရေစီယဉ်ကျေးမှု ရှင်သန်စေချင်ရင် ကျွန်မတို့ တစ်ဦးချင်းတစ်ဦးချင်းဟာ
ချိန်ခွင်လျှာညီမျှခြင်းရဲ့ တန်ဖိုးကို သဘောပေါက်ဖို့လိုပါတယ်။ ဥပမာ
ကျွန်မတို့ ခဏ ခဏပြောပါတယ်။ ဒီမိုကရေစီအခွင့်အရေးတင် စဉ်းစားလို့မရဘူး။
တာဝန်တွေလဲ စဉ်းစားရမယ်။ အခွင့်အရေးဟာ ကိုယ့်အတွက်ဖြစ်ပြီး တာဝန်ဟာ
အများအတွက်။ လူ့အခွင့်အရေးဆိုတာ တစ်ဦးချင်းတစ်ဦးချင်းအတွက်၊ တရားဥပဒေ
စိုးမိုးရေးဆိုတာ အများအတွက် ဆိုတာတွေဟာ ချိန်ခွင်လျှာညီမျှရမယ်။
ကိုယ့်အတွက် ပိုလို့ဆိုရင်လည်း မကောင်းသလို အများအတွက်ဆိုပြီးတော့
တစ်ဦးချင်းတစ်ဦးချင်းရဲ့ အခွင့်အရေးတွေ လွတ်လပ်ခွင့်တွေကို
ချုပ်ချယ်ရင်လည်း ကောင်းမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ အတ္တဟိတ၊
ပရဟိတ နှစ်ခုစလုံးကို ချိန်ခွင်လျှာ ညီမျှအောင် လုပ်တဲ့နေရာမှာ အားလုံး
ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။
ကျွန်မတို့ စမယ်ဆိုရင်
တစ်ဦးချင်းတစ်ဦးချင်း၊ တစ်ဦးချင်းက ကိုယ့်ရဲ့မိသားစုက
စရမယ်။ကိုယ့်အခွင့်အရေး၊ ကိုယ့်ရဲ့ရပိုင်ခွင်၊ ကိုယ့်မိသားစုရဲ့အခွင့်အရေး၊
ကိုယ့်ရဲ့ မိသားစုရဲ့ ရပိုင်ခွင့်၊ ကိုယ့်ရပ်ကိုယ့်ရွာရဲ့ အခွင့်အရေး၊
ကိုယ့်မိသားစုရဲ့ အခွင့်အရေး၊ ကိုယ့်ရပ်ကိုယ့်ရွာရဲ့ အခွင့်အရေး၊
ကိုယ့်မြို့နယ်ရဲ့ အခွင့်အရေး၊ ကိုယ့်မြို့နယ်ရဲ့ အခွင့် အရေး၊ ကိုယ့်ရဲ့
တိုင်း၊ ပြည်နယ်ရဲ့ အခွင့်အရေး၊ ကိုယ့်ရဲ့ တိုင်း၊ ပြည်နယ်ရဲ့အခွင့် အရေး၊
ကိုယ့်လူမျိုးတွေရဲ့ အခွင့်အရေး၊ ကိုယ့်လူမျိုးတွေရဲ့ အခွင့်အရေး၊
ကိုယ့်နိုင်ငံ ရဲ့ အခွင့်အရေး၊ ကိုယ့်နိုင်ငံရဲ့ အခွင့်အရေး၊
ကိုယ့်တစ်ကမ္ဘာလုံးရဲ့ အခွင့်အရေး တစ်ဆင့် ချင်း တစ်ဆင့်ချင်းမှာ
ကျွန်မတို့အနေနဲ့ ချိန်ခွင်လျှာ ညီမျှစွာနဲ့ ဆက်လက်လုပ်ဆောင် သွားဖို့
အင်မတန်အရေးကြီးပါတယ်။
ကျွန်မတို့နိုင်ငံဟာဆိုရင်
ဖွံ့ဖြိုးစနိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီမိုကရေစီကို ကျင့်သုံး တဲ့နေရာမှာလည်း
မြို့နယ်တွေရဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ လွတ်လပ်ရေးရခါစတုန်းက လည်း
ဒီမိုကရေစီစနစ်နဲ့ စခဲ့တယ်ဆိုပေမယ့် ဒီကြားထဲမှာ ဒီမိုကရေစီစနစ်ဟာ ပျောက်
ကွယ်သွားတော့ ပြန်ပြီးတော့ အစကနေ ထူထောင်နေရတာ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့
အခါမှာ တစ်ကမ္ဘာကြီးကို လှည့်ပြီးကြည့်လိုက်ရင် ဘယ်လိုပဲ ပြောပြော
ဒီမိုကရေစီဆို တာ ကျွန်မတို့ နိုင်ငံတစ်ခုအတွင်းမှာသာ လုံလုံလောက်လောက်
မရှိသေးတာ မဟုတ် ပါဘူး။ တစ်ကမ္ဘာကြီးကို ကြည့်လိုက်မယ်ဆိုရင်လည်း
လုံလုံလောက်လောက် မရှိသေးဘူးဆိုတာ တွေ့ရပါတယ်။ ဒီလိုပြောခြင်းဟာ
နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ဒီမိုကရေစီမရှိတာကို ပြောခြင်းတင် မကပါဘူး။
ကျွန်မတို့ရဲ့ ကမ္ဘာကြီးမှာဆိုရင် အင်အားကြီး တဲ့ နိုင်ငံတွေနဲ့
အင်အားငယ်တဲ့ နိုင်ငံတွေကြားထဲမှာ တန်းတူ ညီမျှမှု မရှိခြင်းကိုလည်း
ဆိုလိုတာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ အင်အားကြီးတဲ့နိုင်ငံမဟုတ်ပါဘူး။
ဒါကြောင့် ကျွန်မတို့ရဲ့ နိုင်ငံဟာ ရပ်တည်ဖို့အတွက်ဆိုရင် အင်မတန်မှ
ရုန်းကန်ကြိုးစားရပါတယ်။ ဒါကို ကျွန်မတို့ရဲ့ ပြည်သူ၊ ပြည်သားတွေ နားလည်
သဘောပေါက်စေချင်ပါတယ်။ အားလုံးပူးပေါင်းဆောင်ရွက်မှ ကျွန်မတို့ဟာ တကယ့်ကို
ကမ္ဘာ့အလယ်မှာ ဒီမိုက ရေစီကျကျ ရပ်တည်နိုင်မယ့် နိုင်ငံတစ်ခုဖြစ်လာမှာပါ။
ဘယ်လိုပဲ ပြောပြော တကယ့် အဖြစ်အပျက်တွေအရ ဆိုရင် ဓနအင်အား၊ လက်နက်အင်အား၊
သြဇာအင်အား၊ မြေအင်အားတွေက အများကြီး စကားပြောပါတယ်။ ကျွန်မတို့ဟာ
ဒီအင်အားတွေနေရာမှာ နည်းတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်
ကျွန်မတို့အားလုံးဟာ စိတ်ဓာတ်အင်အားနဲ့ အလုပ်လုပ်ဖို့
အင်မတန်အရေးကြီးပါတယ်။ ဓနဆိုတာ ချက်ချင်းမရနိုင်ပါဘူး။ အခြားသြဇာအာဏာ
တွေဆိုတာ ချက်ချင်း လွှမ်းမိုးနိုင်အောင် လုပ်လို့မရပါဘူး။ သို့သော်လည်း
ကိုယ့်ရဲ့စိတ်ဓာတ်ကို ချက်ချင်းပြောင်းလဲအောင် လုပ်လို့ရပါတယ်။ ဒါကြောင့်
ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများ အားလုံးဟာ နိုင်ငံတွင်းမှာတင်မက
တစ် ကမ္ဘာလုံးမှာ ဒီမိုကရေစီ သဘောထားတွေ ရှင်သန်ဖို့အတွက် ဒီမိုကရေစီ
ယဉ်ကျေးမှု၊ အမှန်တကယ် ပြန့်ပွားဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ဟာ ဒီနေ့
ကျွန်မတို့ ညွှန်ပြ လိုက်တဲ့ တာဝန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့
ဒီမိုကရေစီအတွက် ကြိုးပမ်း တဲ့နေရာမှာ အားလုံး တစ်ဦးချင်း ကိုယ့်ရဲ့
တန်ဖိုးကို မမေ့ဖို့ လိုပါတယ်။ ပြည်သူ့ အင်အားဆိုတာ အားလုံး စုပေါင်းမှ
ဖြစ်တာပါ။ တစ်ဦးချင်းမှာ တန်ဖိုးရှိပါတယ်။ အဲဒီတန်ဖိုးကို မှန်မှန်
ကန်ကန်သုံးပါ။ ကျွန်မတို့ရဲ့ ပြည်သူ့အင်အားကို ကောင်းမွန်တဲ့
အင်အားဖြစ်အောင်လို့ ကြိုးစားစေချင်ပါတယ်။
ဒီလိုကောင်းမွန်တဲ့အင်အားဖြစ်လာမှ ကောင်းမွန်တဲ့ နိုင်ငံတစ်ခု
ထူထောင်နိုင်မယ်။ ကောင်းမွန်တဲ့ ကမ္ဘာကြီးတစ်ခုကို ထူ ထောင်နိုင်မှာ
ဖြစ်ပါတယ်။ တချို့တွေက ဒီမိုကရေစီစနစ်ဆိုတာဟာ ကိုယ်ရဖို့ အတွက် လို့
ထင်ကြပါတယ်။ တကယ်တော့ ရဖို့အတွက်ပဲ စဉ်းစားတဲ့သူများဟာ ကိုယ့်ကိုယ်ကို
တန်ဖိုးမထားတာပဲ။ ပေးဖို့ အတွက်စဉ်းစားမှ ကိုယ့်တန်ဖိုးကို
ကိုယ်သိတယ်ဆိုတာကို သတိချပ်စေ ချင်ပါတယ်။ ကျွန်မတို့အားလုံးဟာ ပေးချင်တဲ့
နိုင်ငံသူနိုင်ငံသားများ ဖြစ်စေချင်ပါတယ်။ တစ်ဦးချင်းဟာ ဒီနိုင်ငံရဲ့
ဒီမိုကရေစီအတွက် ဒီကမ္ဘာကြီးရဲ့ ဒီမိုက ရေစီအတွက် ပေးဆပ်ချင်တဲ့သူများ
ဖြစ်စေချင်ပါတယ်။ ဒါပေမယ့် ကိုယ့်အတွက်လည်း ကိုယ်လုပ်နိုင် တဲ့အစွမ်းနဲ့
လုပ်သင့်၊ မလုပ်သင့်ကို ခွဲခြားနိုင်တဲ့ ပညာရှိဖို့ဆိုတာက လည်း အင်မတန်မှ
အရေးကြီးပါတယ်။ အင်အားကို သုံးချင်တိုင်းသုံးလို့မဖြစ်ပါဘူး။
သုံးသင့်၊မသုံးသင့် ဆိုတာကို ဆင်ခြင်နိုင်ရပါမယ်။ ဒါကြောင့် ယခု
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ စုပေါင်းပြီး အားလုံး
တကယ့်ကို နိုင်ငံအပေါ်မှာ စေတနာနဲ့ လူသားများအပေါ်မှာ စေတနာနဲ့
ဒီမိုကရေစီရှင်သန်ရေးအတွက် ဒီမိုကရေစီ ယဉ်ကျေးမှု အဓိပ္ပာယ် မှန်မှန်ကန်ကန်
ဖော်နိုင်ရေးအတွက် လုပ်သွားကြပါစို့လို့ တိုက်တွန်းရင်းနဲ့
နိဂုံးချုပ်ပါတယ်။

No comments:
Post a Comment