မန္တလေး စက်တင်ဘာ ၂၂
ရန်ကုန်ပန်းချီဆရာများ၏ Together (Yangon) 1st Art Exhibition ပန်းချီ ပြပွဲကို အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်အထိ မန္တလေးတောင် ပန်းချီပြခန်း၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါပန်းချီပြပွဲတွင် ရန်ကုန်ပန်းချီဆရာများ၏ ပန်းချီကား ၇၀ ကျော်ပြသမည် ဖြစ်ပြီး ဆီဆေး၊ ရေဆေး၊ အခရိုက်လစ် ပန်းချီကား အမျိုးအစားများ ပြသမည်ဖြစ်သည်။ ပန်းချီပြပွဲတွင် ပြသမည့် ဆရာများမှာ ဆရာမြင့်ဆွေလှိုင်၊ ဆရာရှား၊ Triangle ထွန်းနိုင်၊ ဆရာ ထွန်းအောင်၊ ဆရာမင်းကျော်၊ ဆရာသောင်းထွန်း၊ ဆရာမြင့်ဆွေ၊ ဆရာစိုးလင်းကြည်တို့ ပါဝင်ပြသမည်ဟု သိရသည်။
အဆိုပါပန်းချီပြပွဲကို အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်အထိ မန္တလေး တောင် ပန်းချီပြခန်းတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ၅ နာရီအထိ ပြသထားမည်ဖြစ်ပြီး မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း သိရသည်။
ခင်ခင်ဝင်း (ပညာရေး)

No comments:
Post a Comment