Friday, June 14, 2019

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ခြင်းအခမ်းအနား ကျင်းပ




နေပြည်တော် ဇွန် ၁၃
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ခြင်း (၄/၂၀၁၉) အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရုံးအမှတ် (၂၇) နေပြည်တော်၌် ကျင်းပရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်သည်။

အဆိုပါ အခမ်းအနားတွင် ကရင်ပြည်နယ်အတွင်း နိုင်ငံတော် ဓာတ်အား စနစ်မှ ဓာတ်အား ပို့လွှတ် ဖြန့်ဖြူး ပေးနိုင်ရန် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ဓာတ်အား ပေးစက်ရုံများ၏ တပ်ဆင်အင်အား၊ သဘော သဘာဝနှင့် ဓာတ်အား ထုတ်လုပ်ပေးနိုင်မှု အခြေအနေ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)ရှိ ကမာနတ် ပင်မဓာတ်အားခွဲရုံတွင် ဓာတ်အားခွဲရုံ တစ်ရုံ တိုးချဲ့ တည်ဆောက် ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေ၊ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေး နိုင်မှုအခြေအနေ၊ ကျောက်ခွက်၊ လက်ပံတိုရေနံမြေ 3D ဆိုက်စမစ် တိုင်းတာခြင်းလုပ်ငန်းဆောင်ရွက်မည့်အခြေအနေ၊ မြန်အောင်တွင်း အမှတ်(၁၇၄)၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ စမ်းသပ်ထုတ်လုပ်မှု အခြေအနေ၊ ရေနံဓာတ်ငွေ့ ရည်လုပ်ငန်း ဆိုင်ရာ ဆောင်ရွက်မှု အခြေ အနေ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဗို့အားပြည့်မီစွာ အသုံးပြုနိုင် ရန်နှင့် ဓာတ်အားစနစ်အား အထောက် အပံ့ဖြစ်စေရန် ရည်ရွယ်၍ ဓာတ်အားပေးစက် တပ်ဆင်တည်ဆောက်ထား သည့်အခြေအနေ၊ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း ရေသွယ်ဥမင်လိုဏ် နှစ်လုံး၏ အပေါ် ပိုင်း အခြမ်းများ တိုးလျှိုပေါက် ဖောက်လုပ်ပြီးစီးမှု အခြေအနေ များနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ပြီး သက်ဆိုင်ရာဌာနအလိုက် သတင်းမီဒီယာများ၏ မေးမြန်း ချက်များကို ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
သိမ့်သိမ့်မိုး(မြန်မာ့အလင်း)
ဓာတ်ပုံ-မင်းမင်းလတ်

No comments:

Post a Comment