မူဆယ် ဇွန် ၁၃
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ယနေ့ နံနက် ၈
နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်
စာရင်းစစ်ရုံးများမှ အမှုထမ်း အရာထမ်းများအား မူဆယ်ခရိုင် စာရင်းစစ်ရုံး အစည်း
အဝေးခန်းမ၌ တွေ့ဆုံ၍ လုပ်ငန်းလမ်းညွှန် အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
▄ စနစ်တကျ
လိုက်နာဆောင်ရွက် ▄
တွေ့ဆုံပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက
မူဆယ်ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် စာရင်း စစ်ရုံး များမှ အမှုထမ်း
အရာထမ်းများအနေဖြင့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု ကောင်းမွန်စေရန် လုပ်ငန်းများ
ဆောင်ရွက် ရာတွင် အဂတိတရားကင်းရှင်း စွာဖြင့် ဆောင်ရွက်ရန်၊ နိုင်ငံတော်ကို
အပြုသဘောဆောင်သော ခံယူချက်ဖြင့် အခြေပြု လုပ်ကိုင်ဆောင်ရွက်ရန်နှင့်
ရုံးလုပ်ငန်းများအား စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားပြီး
အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးက ရုံးလုပ်ငန်းပိုင်း ဆိုင်ရာများအား မှာကြားသည်။
▄ ပြန်လည်ရှင်းလင်း
▄
ထို့နောက် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင်အတွင်းရှိ
ခရိုင်၊မြို့နယ် စာရင်းစစ်ရုံးများမှ မြို့နယ် ဦးစီးမှူးများက မိမိတို့၏
သက်ဆိုင်ရာ မြို့နယ်အလိုက် ရုံးလိုအပ်ချက်များ၊ ဆောင်ရွက်နေမှု ရုံးလုပ်ငန်းပိုင်း
ဆိုင်ရာ များနှင့် ဒေသအတွင်း အခက်အခဲများအား ရှင်းလင်းတင်ပြရာ
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းနှင့် အမြဲတမ်း အတွင်းဝန် ဒေါ်နိုင်သက်ဦးတို့က
ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရ သည်။
ခရိုင် (ပြန်/ဆက်)
No comments:
Post a Comment