နေပြည်တော် ဖေဖော်ဝါရီ ၃
အိန္ဒိယကြည်းတပ်ကွပ်ကဲမှုအောက် Assam ရိုင်ဖယ်တပ်ဖွဲ့နှင့်
ရဲပူးပေါင်းလုံခြုံရေးအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်တွင် အာသံပြည်နယ်နှင့်
Arunachal Pradesh ပြည်နယ်စပ် Tinsukia ခရိုင်၊ Jagun ရွာအနီး၌ NDFB-S လက်နက်ကိုင်အဖွဲ့
(National Democratic Front of Bodoland - Sangbijit) မှ အမျိုးသား ၅ ဦး၊ အမျိုးသမီး
၎ ဦး၊ ပေါင်း ၉ ဦးကို AK- 47 ၊ AK - 45 အမျိုးအစားလက်နက်ငယ်များ၊ ပစ္စတို၊ ဆက်စပ် ခဲယမ်းများနှင့်
ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းလက်နက်ကိုင် အဖွဲ့များသည် မြန်မာနိုင်ငံအတွင်း ၎င်းတို့စခန်းတွင်
စစ်ပညာသင်တန်း တက်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်စဉ် သတင်းအရ
ဖော်ထုတ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယသတင်း ဌာနများဖြစ်သည့် Indian Defence
News TIMESNO WNEWS.Com နှင့် The Shillong Times Daily News & Analysis (DNA)
သတင်းဌာနတို့က ထုတ်ဖော်ရေးသားခဲ့ကြောင်း သိရသည်။
NSCN(K)အဖွဲ့နှင့်ဆက်စပ်မှုရှိနိုင်
အဆိုပါ သတင်းနှင့်ပတ်သက်၍ ဆက်စပ်မှုအား
ပဏာမ စိစစ်ခဲ့ရာ NSCN(K) အဖွဲ့နှင့် ပတ်သက်မှု ရှိနိုင်သည်ဟု ဖော်ထုတ်ရရှိခဲ့ကြောင်း၊
NSCN(K) အဖွဲ့သည် ၂၀၁၂ ခုနှစ်၊ ဧပြီ ၉ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့်
ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေး တည်ဆောက် ရန်အတွက် ပဏာမ သဘောတူညီချက်အရ နာဂဒေသအတွင်း
တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ဖော်ဆောင်နိုင်ရန်အတွက်
နှစ်ဦးနှစ်ဖက် သဘောတူ ညီကြ သည့် တကားဒေသ၌ ခေတ္တအခြေပြု နေထိုင်ခွင့် ပေးခဲ့ကြောင်း။
ရံဖန်ရံခါဝင်ရောက်ဆက်သွယ်
ယင်းဒေသအတွင်း နယ်မြေလုံခြုံရေး လှည့်လည်
ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်း များ အနေဖြင့်လည်း NSCN(K) အဖွဲ့ နေထိုင်သည့်
နေရာများသို့ ရံဖန်ရံခါ ဝင်ရောက် ဆက်သွယ်ခြင်း၊ ဆက်ဆံခြင်းများ ပြုလုပ်လျက် မျက်ခြေမပြတ်
စောင့်ကြည့်ခြင်း၊ လိုအပ်သည်များ အကူအညီပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်မတော်အနေဖြင့်
မသင်္ကာဖွယ်များ တွေ့ရှိပါက ငြိမ်းချမ်းရေး တည်ဆောက်ရန် ပဏာမသဘောတူညီမှု ရယူထားသော အဖွဲ့အစည်း
ဖြစ်သဖြင့် ၎င်းတို့၏ ငြိမ်းချမ်း ရေးရပ်တည်ချက်နှင့် အဖွဲ့အစည်း ဂုဏ်သိက္ခာအား ငဲ့ညှာသောအားဖြင့်
သဘောတူညီ ချက်များနှင့် ကတိကဝတ်များကို ထိန်းသိမ်းရန်သာ အမြဲသတိပေးခဲ့ကြောင်း။
ဆက်စပ် သတင်းဖော်ထုတ်ချက်များက
NSCN(K) အဖွဲ့အနေဖြင့် အိန္ဒိယနိုင်ငံအား ဆန့်ကျင် လျက် ရှိသည့် တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းအချို့အား
၎င်းတို့အသွင်ရယူစေလျက် ၎င်းတို့၏ စခန်းများအနီး ဝန်းကျင်နယ်မြေ၌ နေထိုင် ခွင့်ပြုထားသည်ဟု
ဖော်ထုတ်ရရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံနှင့် ပတ်သက်သည့် အစိုးရအသီးသီးအား
ဆန့်ကျင်နေ သည့် မည်သည့် လက်နက်ကိုင် အဖွဲ့ကိုမဆို အခြေချ နေထိုင်ခွင့် မပြုကြောင်း၊
လက်မခံေ ကြာင်း စသည့် မူဝါဒများကို လက်ကိုင် ထားသည်နှင့်အညီ သတင်း တည်ဆောက်ပြီး မြေပြင်
သတင်းများ ဆက်စပ်ဖော်ထုတ်ခဲ့ရာ ချင်းပြည်နယ်၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ တကားကျေးရွာ
အနီးတစ်ဝိုက်ရှိ NSCN(K) စခန်းနှင့် အနီးပတ်ဝန်းကျင် နေရာများ၌ အာသံနှင့် ကသည်း လက်နက်ကိုင်
သောင်းကျန်းသူ အဖွဲ့အချို့သည် NSCN(K) အဖွဲ့ အသွင်ဖြင့် ဖြန့်ခွဲအခြေပြု လျက်ရှိပြီး
စစ်သင် တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက် ရှိနိုင်ကြောင်း မသင်္ကာဖွယ် အထောက်အထားများ
ခိုင်လုံစွာ တွေ့ရှိရသဖြင့် တပ်မတော် စစ်ကြောင်းများက အဆိုပါ နေရာများအား သွားရောက်
ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း။
ရှင်းလင်းသိမ်းပိုက်ရန်
ထိုသို့ ရှင်းလင်းဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ
၂၉ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ တကား ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၆၅၀ဝ ခန့်နှင့် မီတာ
၂၈၀ဝ ခန့် အကွာတို့တွင် စခန်း ၂ ခုနှင့် သင်တန်းကျောင်း နေရာ ၂ ခုအား လည်းကောင်း၊ တကားကျေးရွာ၏
မြောက်ဘက်မီတာ ၁၈၀ဝ ခန့်အကွာရှိ ယာယီ အခြေပြု နေရာ ၁ ခုအား လည်းကောင်း၊ တကားကျေးရွာ၏
အနောက်ဘက် မီတာ ၁၆၀ဝ ခန့်အကွာရှိ စခန်း ၁ ခုအား လည်းကောင်း အသီးသီးရှင်းလင်း သိမ်းပိုက်
ရရှိခဲ့ကြောင်း။
ဖြစ်စဉ်များတွင် NSCN(K) အဖွဲ့ဝင် ၆ ဦး၊
ကသည်းသောင်းကျန်းသူ ၂ ဦး အပါအဝင် လက်နက်ငယ်မျိုးစုံ ၁၁ လက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများအား
သိမ်းဆည်း ရမိခဲ့ကြောင်း၊ ထို့အပြင် ကသည်းနှင့်အာသံ သောင်း ကျန်းသူများ နေထိုင်ခဲ့သည့်
အထောက်အထားများ၊ စာရွက် စာတမ်းများနှင့် ၎င်းတို့နှင့် ဆက်သွယ်ခဲ့သည့် အထောက်အထားများအား
သိမ်းဆည်း ရမိခဲ့ကြောင်း။
လိုအပ်သလိုဆက်လက်အရေးယူသွားမည်
NSCN(K) အဖွဲ့အနေဖြင့် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်
သဘောတူ ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပဏာမ သဘောတူညီချက် အပိုဒ်(၁)၊
အပိုဒ်ခွဲ (ဂ၊ ဃ၊ င) တို့အား ချိုးဖောက် ခဲ့သည်ကို တွေ့ရှိရ၍ NSCN(K) အဖွဲ့အား လိုအပ်သလို
ဆက်လက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း
တစ်ဖက် အိန္ဒိယနိုင်ငံအား ဆန့်ကျင်နေသည့် မည်သည့် အဖွဲ့ကိုမျှ အခြေချ နေထိုင်ခွင့်ပြုမည်
မဟုတ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်းများအနေဖြင့် နယ်မြေ တည်ငြိမ် အေးချမ်းရေး အတွက်
လုံခြုံရေး လုပ်ငန်းများအား ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
သတင်းရရှိသည်။
(သတင်းစဉ်)
No comments:
Post a Comment