Friday, February 1, 2019

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Myanmar China Economic Cooperation Development Promotion Association မှ ဥက္ကဋ္ဌ Mr Li Faun နှင့်အဖွဲ့ လာရောက်တွေ့ဆုံ



နေပြည်တော် ဖေဖော်ဝါရီ ၁
         
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Myanmar China Economic Cooperation Development Promotion Association မှ ဥက္ကဋ္ဌ Mr Li Faun နှင့်အဖွဲ့က ယနေ့နံနက် ၁၀ နာရီတွင်  တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် တရုတ် - မြန်မာ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် ယင်းဒေသရှိ တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တိုင်းရင်းသား လူမျိုးစုရေးရာ ကော်မရှင် (NEAC) တို့အကြား ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ မကြာမီ အချိန်က ကျင်းပပြီးစီးခဲ့သည့် သွေးချင်းတို့၏ ပွဲတော်ဆီ ပွဲတော်ကြီးကဲ့သို့ တိုင်းရင်းသားဒေသ အခြေပြုခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် တရုတ် - မြန်မာ တိုင်းရင်းသားပွဲတော်များ ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များ၊ တိုင်းရင်းသားရေးရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နိုင်ရေး ကိစ္စရပ် များအား ချစ်ကြည်ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုယ်စားလှယ်အဖွဲ့တို့သည် မှတ်တမ်းဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ဧည့်သည်တော်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၌ ခင်းကျင်း ပြသထားသော တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှု ပြခန်းများကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment