Friday, February 1, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နေပြည်တော် ကောင်စီနယ်မြေ ကြံသီးနှံ စံကွက်ရိတ်သိမ်းပွဲ တက်ရောက်




  နေပြည်တော် ဖေဖော်ဝါရီ ၁


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကြံသီးနှံ အထွက်နှုန်း မှန်ကန်ရေးအတွက် စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၃၁ ရက်နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာအုပ်စု၌ ကျင်းပသည်။

အခမ်းအနားတွင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် စာရင်းအင်းဌာနခွဲ ညွှန်ကြားရေးမှူး တို့က ကြံသီးနှံ အထွက်နှုန်း မှန်ကန်ရေးအတွက် စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်နှင့် စံကွက်ရိတ်သိမ်းမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ကြံသီးနှံ စံကွက်ရိတ်သိမ်းမှု လက်တွေ့ဆောင်ရွက်ခြင်းနှင့် အထွက်နှုန်း တွက်ချက်ခြင်းတို့ကို ဆောင်ရွက်ကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ကြည့်ရှုအားပေးပြီး စိုက်ပျိုးထုတ်လုပ်နိုင်မှုနှင့် စားသုံးမှုလိုအပ်ချက်၊ ပိုလျှံမှု စသည့် စာရင်းဇယား ကိန်းဂဏန်းများသည် နိုင်ငံတော်၏အနာဂတ် စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အထောက်အကူ ဖြစ်နိုင်သည့်အပြင် နိုင်ငံရေး၊ စီးပွားရေးအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနေသည်ကို သတိပြုပြီး လုပ်ငန်းကဏ္ဍအလိုက် စာရင်းဇယားများ တိကျခိုင်မာမှု ရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။
လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနသည် မြေအသုံးချမှု အခြေအနေနှင့် လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်းများ ကောက်ယူပြုစု ထုတ်ပြန်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး စာရင်းဇယားနှင့် ကိန်းဂဏန်း အချက်အလက် တိကျမှန်ကန်ရေး၊ သီးနှံစံကွက် စိုက်ပျိုးမှု၊ ရိတ်သိမ်းမှု၊ အထွက်နှုန်းများအား သီးနှံတစ်မျိုးချင်း မျိုးကွဲအလိုက် ကောက်ယူ ဆောင်ရွက်လျက်ရှိရာ သီးနှံများ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ အထွက်နှုန်းနှင့် အမှန်ထွက်၊ စာရင်းဇယား၊ ကိန်းဂဏန်း တိကျမှန်ကန်ရေး လုပ်ငန်းစဉ်များ အဆင့်ဆင့် ဆောင်ရွက်ခြင်းနှင့် သကြားအထွက်နှုန်း ဆန်းစစ်ခြင်း လုပ်ငန်းကို အထောက်အကူ ဖြစ်စေရေး ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ ယခုနှစ်ကြံရာသီတွင် စိုက်ဧက ၂၁၀၆ ဧကစိုက်ပျိုးခဲ့ပြီး ယနေ့ကျင်းပပြုလုပ်သည့် ကြံသီးနှံ စံကွက်ရိတ်သိမ်း တွက်ချက်မှုအရ တစ်ဧကလျင် ၅၃ ဒသမ၁၇ တန်နှုန်း ထွက်ရှိကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments:

Post a Comment