Saturday, February 2, 2019

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး IDLO မှ ဌာနေ ညွှန်ကြားရေးမှူး Ms. MorganeLandel နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ


 
နေပြည်တော် ဖေဖော်ဝါရီ ၁

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် IDLO မှ ဌာနေညွှန်ကြားရေးမှူးဖြစ်သူ Ms. MorganeLandel နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် IDLO တို့အကြား ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရေး၊ ဥပဒေ အသိပညာပေးရေး လုပ်ငန်းများတွင် ဥပဒေရုံးများ အပါအ၀င် သက်ဆိုင်ရာဌာန အဖွဲ့အစည်း များ ပိုမိုပါဝင်ဆောင်ရွက်နိုင်ရေး၊ UNDP နှင့် IDLO ဖွင့်လှစ်ထားသည့် တရားဥပဒေ စိုးမိုးရေး စင်တာများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနား မြို့တို့အပြင် မိုးကုတ်၊ ပြင်ဦးလွင်၊ ကျိုင်းတုံ၊ ဗန်းမော်မြို့နယ်များ၌ ဥပဒေ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ တရားဥပဒေစိုးမိုးရေး စင်တာများ၏ လုပ်ငန်းများကို ပြန်လည်သုံးသပ်ခြင်းနှင့် ဒေသခံ ပြည်သူများ၏ လိုအပ်ချက်နှင့် ကိုက်ညီမည့် အစီအစဉ်များ ထည့်သွင်းဆောင်ရွက်ရေး၊ ၂၀၁၉ ခုနှစ်မှ စတင်မည့် စီမံကိန်းလုပ်ငန်း ဒုတိယအဆင့်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment