Wednesday, February 6, 2019

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ဝင်ကြေးအခမဲ့ဖြင့် ဗိုလ်ချုပ်ပြတိုက် အား ဖွင့်လှစ်သွားမည်


ရန်ကုန် ဖေဖော်ဝါရီ ၅
ဖေဖော်ဝါရီ ၁၃ ရက်တွင်ကျရောက်မည့် ဗိုလ်ချုပ်မွေးနေ့ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်ပြတိုက်တွင် နိုင်ငံခြားသားများမှ အပ သံဃာ၊ သီလရှင်နှင့် ပြည်သူတို့အား ဝင်ကြေးအခမဲ့ဖြင့် ပြသသွားမည်ဟု သိရသည်။

"ဗိုလ်ချုပ်မွေးနေ့မှာ အများပြည်သူကို အခမဲ့ဖွင့်လှစ်ပြသပြီးတော့ နိုင်ငံခြားသားကိုတော့ ပုံမှန်အတိုင်း ဝန်ဆောင်ခယူပါတယ်။ ပြည်ပက သာသနာပြုသူ တွေဆိုရင် အခမဲ့ပါပဲ။ ဗိုလ်ချုပ်မွေးနေ့မှာ လာရောက်တဲ့ ကျောင်းသားနဲ့ အဖွဲ့အစည်းတွေဆိုရင် ရှင်းပြပြီးတော့ ပန်း ဖလက်ဝေပါမယ်။ ဒီနှစ် ဗိုလ်ချုပ်မွေးနေ့မှာလေ့လာမယ့်သူ မနှစ်ကထက် ပိုများနိုင်ပါတယ်" ဟု ပြတိုက်တာဝန်ခံ ဒေါ်အိသန္တာက ပြောသည်။
ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရက်များမှအပ နံနက် ၉ နာရီ ခွဲမှ ညနေ ၄ နာရီခွဲအထိ အများပြည်သူတို့ကို အခမဲ့ ဖွင့်လှစ်ပြသလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်ကျောင်းများသာမက ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူများလည်း လာရောက်ကြည့်ရှု လေ့လာလျက်ရှိသည်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် သို့ အများပြည်သူနှင့် နိုင်ငံခြားသား ၇၀၀ ခန့် လာရောက်လေ့လာ ခဲ့ရာ ယခုနှစ်တွင် ပိုမိုဝင်ရောက်လေ့လာနိုင်မည်ဟု ခန့်မှန်း ထားပြီး အာဇာနည်နေ့တွင် သုံးရက်တိုင် ပြသခဲ့၍ လေ့လာသူ အထူးများပြား ခဲ့သည်။
သန်းထိုက် ၊ ဓာတ်ပုံ-သန်းစိုး

No comments:

Post a Comment