နေပြည်တော် ဖေဖော်ဝါရီ ၎
မူးယစ်ဆေးစွဲရောဂါ
ကာကွယ်ကုသရေး လုပ်ငန်းများ ညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၉ နာရီတွင်
နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးတွင်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန် ဒေါက်တာ သက်ခိုင်ဝင်းက
အဖွင့်အမှာစကား ပြောကြား ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေ ဖြင့်
မူးယစ်ဆေး ဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး အဖွဲ့၏
ဆေးကုသရေးလုပ်ငန်းအဖွဲ့ကို ဦးစီး ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးစွဲ ရောဂါကုဌာန ကြီးပေါင်း
၂၆ ခု၊ မူးယစ် ဆေးစွဲရောဂါကု ဌာနငယ်ပေါင်း ၄၇ ခု အပါအဝင် မက်သာ ဒုန်းဆေးခန်း ပေါင်း
၅၅ ခုကို ဖွင့်လှစ်ထားရှိပြီး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
မူးယစ်ဆေးစွဲခြင်းမှာ
နာတာရှည် ရောဂါအမျိုးအစားတစ်ခု ဖြစ်ပြီး ရုပ်ပိုင်း ဆိုင်ရာ၊
စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာ အကြောင်း အရာများနှင့်
အကျိုးဆက်များစွာရှိသည့် အလျောက် မူးယစ်ဆေး စွဲရောဂါကာကွယ် ရေးနှင့်
မူးယစ်ဆေးစွဲရောဂါ ကုသရေး ဝန်ဆောင်မှု များကို ပိုမိုလုပ်ဆောင်ရန် လိုအပ်လျက်ရှိပြီး
မူးယစ်ဆေးစွဲခြင်းအား ကျန်းမာရေးပြဿနာတစ်ရပ် အဖြစ် ရှုမြင်ပေးခြင်း နည်းပါး ပြီး
ခွဲခြား ဆက်ဆံမှုများကြောင့် ကုသမှုနှင့် အခြားဝန်ဆောင်မှုများကို လက်လှမ်းမီ ရန်
အခက်အခဲ ရှိနေဆဲပင်ဖြစ်ပါကြောင်း ပြောကြားသည်။
အစည်းအဝေးသို့
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန်၊ ညွှန်ကြားရေး
မှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်း
ဒေသကြီး၊ ပြည်နယ်များမှ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှူးများ၊
ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ။အထူးကုဆရာဝန်ကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်
ပြန်လည်ထူထောင်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက် ရောက်ကြသည်။
အစည်းအဝေးကို ဖေဖော်ဝါရီ
၅ ရက်အထိ နှစ်ရက်တာ ကျင်းပ သွားမည် ဖြစ်ပြီး မူးယစ်ဆေး ကုဌာနများ၏ လက်ရှိ
ဆောင်ရွက် ထားရှိမှု အခြေအနေများ၊ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးစွဲ ရောဂါကုသ ရေးနှင့်
ပြန်လည်ထူထောင် ရေးစခန်းများ ဖွင့်လှစ်နိုင်ရေး အတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်မည့်
အစီ အမံများ၊ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း
ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်အတွင်းရှိ မူးယစ်ဆေးကု ဌာနများ၏ Current
Status, Challenges, ways forwards နှင့် Strategic key points များ၊ အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး
မူဝါဒအသစ် (National Drug Control Policy) ကိုအခြေခံ၍ မူးယစ်
ဆေးစွဲရောဂါကုသရေးနှင့် ပတ်သက်သော အမျိုးသား မဟာဗျူဟာ မူဘောင်ကိုရေးဆွဲပြီး
ရှေ့ဆက် လုပ်ဆောင်မည့် နည်းဗျူဟာများကို ညှိနှိုင်းဆွေးနွေး ကြမည်ဖြစ်ကြောင်း
သိရှိရသည်။
သတင်းစဉ်
No comments:
Post a Comment