Wednesday, February 6, 2019

ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ မဟာဝိဇ္ဇာတန်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဝင်ခွင့်လျှောက်လွှာခေါ်မှု ရက်တိုးမြှင့်ပေး

ရန်ကုန် ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်မှ မဟာဝိဇ္ဇာတန်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ဝင်ခွင့်လျှောက်လွှာနှင့် ထောက်ခံစာရွက် စာတမ်းများကို ၂၀၁၉ ဖေဖော်ဝါရီ ၁၄ ရက်အထိ ရက်တိုး၍ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

မဟာဝိဇ္ဇာတန်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ဝင်ခွင့် အတွက် အချက်အလက်အပြည့်အစုံကို ssbuadmission-office@ gmail.com (သို့) ဖုန်း-၀၉-၈၉၂၂၉၇၁၅၄ နှင့် ၀၉-၇၈၂၁၈၄၁၅၉ များသို့ ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်သည်။
ပါရဂူတန်း၌ နေရာပြည့်ပြီဖြစ်သဖြင့် ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်အတွက် ပါရဂူတန်းဝင်ခွင့် လျှောက်လွှာခေါ်ခြင်းမရှိ ကြောင်း သိရသည်။
ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ဖေ့စ်ဘွတ်စာမျက်နှာ- https://www.facebook.com/shanstate.buddhi-stuniversity/၌ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment