Monday, January 28, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် UNICEF အမှုဆောင် ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ

 
နေပြည်တော် ဇန်န၀ါရီ ၂၈
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် UNICEF အမှုဆောင် ညွှန်ကြားရေးမှူး Ms. Henrietta H. Fore အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် UNICEF တို့အကြား ကလေးသူငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် အာဟာရ ဖွံ့ဖြိုးရေးဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ အပြည်အပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြား ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး UNICEF ဘက်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. June Kunugi နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Ref; Myanmar State Counsellor Office

No comments:

Post a Comment