Wednesday, January 30, 2019

နယ်စပ်ဒေသအသီးသီးမှ လူငယ်မောင်မယ်များဆဋ္ဌမအကြိမ်မြောက် လေ့လာရေးခရီးစဉ် တတိယနေ့ MRTV၊ လွှတ်တော်၊ ဥပ္ပါတသန္တိစေတီနှင့် ရေပန်းဥယျာဉ်သို့လေ့လာ



နေပြည်တော် ဇန်နဝါရီ ၃၀

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရနေပြည်တော်သို့ ရောက်ရှိနေသော နယ်စပ် ဒေသအသီးသီးမှ လူငယ်မောင်မယ်များသည်ဆဋ္ဌမအကြိမ်မြောက် လေ့လာရေး ခရီးစဉ် တတိယနေ့အဖြစ် ယနေ့နံနက်ပိုင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများလိုက်ပါလျက် မြန်မာ့အသံနှင့်ရုပ်မြင် သံကြား (MRTV) သို့ သွားရောက်ကြည့်ရှုလေ့လာ ကြရာတာဝန်ရှိသူများက သတင်းရိုက် ကူးတည်းဖြတ် ထုတ်လွှင့်ပုံအဆင့်ဆင့်၊ တိုင်းရင်းသားရုပ်သံလိုင်း(NRC) ထုတ်လွှင့်နေမှုများ နှင့် ရေဒီယိုထုတ်လွှင့်ရေးအစီအစဉ်များကို လိုက်လံရှင်းလင်းပြသပြီး လေ့လာရေးအဖွဲ့ များ၏ ရိုးရာအကများကိုမှတ်တမ်းတင်ရိုက်ကူး ခဲ့ကြသည်။


ဆက်လက်၍ လူငယ်မောင်မယ် လေ့လာရေးအဖွဲ့များသည် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များသို့ သွားရောက် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီးလေ့လာရေး အဖွဲ့ဝင်များက သိရှိလိုသည်များမေးမြန်းခဲ့ကြသည်။

ထို့နောက် လူငယ်မောင်မယ်လေ့လာရေးအဖွဲ့များသည် ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြပြီး အလှူငွေများပေးအပ် လှူဒါန်းခဲ့ကြ သည်။

ညနေပိုင်းတွင် နေပြည်တော်ရေပန်းဥယျာဉ်သို့ ဆက်လက်ပို့ဆောင် ကြည့်ရှု လေ့လာခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)

No comments:

Post a Comment