Wednesday, January 30, 2019

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဥရောပသမဂ္ဂ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


 နေပြည်တော် ဇန်နဝါရီ ၃၀

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr. Kristian Schmidt အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် မှန်ကန်စွာပူးပေါင်းကူညီ ဆောင်ရွက်ပေးရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပမှ မှန်ကန်စွာနားလည်သိမြင်နိုင်ရန် ပူးပေါင်းဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များအပေါ် ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:

Post a Comment