Tuesday, January 29, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆားဘီးယားသမ္မတနိုင်ငံ၊ ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ivica Dacic အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇန်နဝါရီ ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဆားဘီးယားသမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ivica Dacic အား ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ခင်မင်ရင်းနှီးစွာ ထိတွေ့ဆက်ဆံခဲ့သည့် သမိုင်းကြောင်း နှင့်အညီ နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား တည်ထောင်ထားရှိသည့် နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲများ ပုံမှန် ကျင်းပသွားရေး၊ နိုင်ငံတကာ မျက်နှာစာ၌ နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များနှင့် သတင်းမီဒီယာ ကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment