နေပြည်တော် ဇန်နဝါရီ ၂၄
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ကိုရီးယား သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊
ဒုတိယဝန်ကြီး H. E. Mr. Lee Taeho နှင့်အဖွဲ့အား ယနေ့ညနေ (၄) နာရီတွင် နေပြည်တော်ရှိ
စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီးရုံး၊ ရုံးအမှတ် (၂၆) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတ
နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက် လျက်ရှိ သည့် စီးပွားရေးနှင့် ဘဏ္ဍာရေး ဆိုင်ရာ
ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment