နေပြည်တော် ဇန်နဝါရီ ၂၄
မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ဂျာမန်ပူးပေါင်းဆောင်ရွက်ရေး
အဖွဲ့အစည်း (GIZ) တို့အကြား အားလုံးပါဝင်နိုင်၍ တည်ငြိမ်သော ဘဏ်လုပ်ငန်းစနစ် ဖွံ့ဖြိုးနိုင်ရေး
အထောက် အကူပြုရေးနှင့် စပ်လျဉ်းသည့် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားအား
ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ အင်ကြင်းခန်းမ၌
ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံတော်
ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားပြီး နားလည်မှု စာချွန်လွှာအား
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ငွေကြေး မူဝါဒရေးရာနှင့် ဘဏ်လုပ်ငန်း ဥပဒေစည်းမျဉ်းဌာနမှ
ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်တင်မိုးမိုးနှင့် GIZ မှ Head of Program , Mr. Armin
Hofmann တို့မှ လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment