ဦးအောင်ကိုဝင်း (ဥက္ကဋ္ဌ၊ KBZ Group)
၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်၊
ကုန်သွယ် လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံးပေးဆောင် ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ
ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်
သဘင်ဆောင်၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သမ္မတက
ဝင်ငွေခွန်အများ ဆုံးပေးဆောင်သူ ၁၀ ဦး၊ ကုန်သွယ် လုပ်ငန်းခွန် အများဆုံးပေးဆောင်သူ
၁၀ ဦး၊ အထူးကုန်စည်ခွန် အများဆုံးေ ပးဆောင်သူ ၁၀ ဦး၊ ဝင်ငွေခွန်အများဆုံးပေးဆောင်သည့်
(ပုဂ္ဂလိကပိုင်၊ နိုင်ငံခြားကုမ္ပဏီများ) မှ ငါးဦး၊ ကုန်သွယ် လုပ်ငန်းခွန် အများဆုံးပေးဆောင်သည့်
(ပုဂ္ဂလိကပိုင်၊ နိုင်ငံခြားကုမ္ပဏီများ) မှငါးဦး၊ အထူး ကုန်စည်ခွန် အများဆုံးပေးဆောင်ခဲ့သည့်
(ပုဂ္ဂလိကပိုင်၊ နိုင်ငံခြားကုမ္ပဏီများ)မှ ငါးဦးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့ပြင် ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်မှ
၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အထိ ခုနစ်နှစ်ဆက်တိုက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သည့်
အခွန်ထမ်း Kanbawza Bank Ltd ဥက္ကဋ္ဌအား အထူးဂုဏ်ထူးဆောင်ဆုနှင့် အထူးဂုဏ်ပြုမှတ်တမ်းလွှာကို
ချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနား၌ ဆုရရှိခဲ့ကြသည့် အခွန်ထမ်းကြီးများနှင့်
တွေ့ဆုံမေးမြန်းချက်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။
ဦးအောင်ကိုဝင်း
(ဥက္ကဋ္ဌ၊KBZ Group)
ကျွန်တော်တို့ နှစ်တိုင်းအခွန်အများဆုံး
ဆောင်နိုင်ခဲ့ပါတယ်။ ကြိုတင်ငွေတွေလည်း အများကြီး ပေးဆောင်ထားပါတယ်။ အခွန်က တိုင်းပြည်အတွက်
အရေးကြီးပါတယ်။ နိုင်ငံသားတိုင်းဟာ အခွန်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့
သတ်မှတ်တဲ့ လျာထားချက်တွေ ရှိပါတယ်။ တချို့လည်း ကြိုသွင်းထားပါတယ်။ နှစ်စဉ်စနစ်တကျ
အခွန်နဲ့ပတ်သက်လို့ ပြင်ဆင် ထားပါတယ်။ အခုလို သမ္မတကြီးက ဂုဏ်ပြုပေးတဲ့အပေါ်မှာ၊ အသိအမှတ်ပြုပေးတဲ့အပေါ်မှာ
ကျေးဇူးအထူး တင်ရှိပါတယ်။
ဦးညိုမြင့်
(Senior Managing Director ၊
Kanbawza Group of Companies)
အခွန်အများဆုံးဆု စရတဲ့နှစ်က ၂၀၁၁-၂၀၁၂
ကပါ။ တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေ အများဆုံး ပထမ နေရာကနေ ခုနစ်နှစ်ဆက်တိုက် ထမ်းဆောင်ခဲ့ပါတယ်။
အခုနောက်ဆုံး ၂၀၁၇-၂၀၁၈ မှာတော့ ၃၂ ဘီလီယံ အခွန်ထမ်းဆောင်ခဲ့ပါတယ်။ ခုနစ်နှစ် စုစုပေါင်းလိုက်ရင်
ဘီလီယံ ၁၄၀ ဖြစ်ပါတယ်။ ခုနစ်နှစ်ဆက်တိုက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့တဲ့အတွက်
နိုင်ငံတော်သမ္မတ ကနေပြီးတော့ အထူးဂုဏ်ထူးဆောင်ဆုကို ပေးခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးအားလုံးက
တိုင်းပြည်ကို ထူထောင်တဲ့အခါမှာ အခွန်ကို အခြေခံပြီးတော့ တိုင်းပြည်ကို တည်ဆောက်ကြတာ
ဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေး တိုးတက်အောင်၊ တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်အောင်
လုပ်တဲ့ အခါမှာ အခွန်က အဓိကဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းတွေ စဆောင်ရွက်ကတည်းက ကျသင့်တဲ့
အခွန်ကို မှန်မှန်ကန်ကန် တိတိကျကျပေးဆောင်ဖို့ ကျွန်တော်တို့ဥက္ကဋ္ဌက ညွှန်ကြားခဲ့ပါတယ်။
အဲဒီလိုပဲ ဆောင်ရွက်ခဲ့ပါတယ်။ တိုင်းပြည်တည်ဆောက်ရေးအတွက် မရှိမဖြစ်တဲ့အခွန်ကို ပေးဆောင်တဲ့
အတွက်ကြောင့် တိုင်းပြည်အတွက်လည်း အကျိုးရှိ၊ ပြည်သူအတွက်လည်း အကျိုး ရှိပါတယ်။ မိမိတစ်ဦးတည်း
ချမ်းသာတာမဟုတ်ဘဲနဲ့ လူမှုဝန်းကျင်ကို ဘယ်လို အကျိုးပြုကြမလဲ ဆိုတာကို အားလုံးက ဒီနေ့
စဉ်းစားသုံးသပ်ဆောင်ရွက်နေကြ ပါတယ်။ အထိရောက်ဆုံးနည်းလမ်း ကတော့ အခွန်ဆောင် တဲ့နည်းလမ်းပဲဖြစ်ပါတယ်။
အခွန်ဆောင်ခြင်းအားဖြင့် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းကို တိုက်ရိုက် အကျိုးပြုနိုင်မှာ
ဖြစ်ပါတယ်။
ကျွန်တော်တို့က ဆက်ပြီးတော့ အကောင်းဆုံး
ကြိုးစားသွားမယ်။ ရရှိလာတဲ့ အကျိုးအမြတ် အပေါ်မှာ အများအကျိုးအတွက် အကောင်းဆုံး အခွန်ထမ်းဆောင်သွားပါမယ်။
အခွန်လည်း အများဆုံးဆောင်သလို အလှူလည်း အများဆုံးလုပ်သွားမှာပါ။ အလှူက ပြည်သူ့ အကျိုးပြု
ဖြစ်ပါတယ်။ ကျွန်တော်တို့ဘဏ်အနေနဲ့လည်း ဒီထက်အောင်မြင်အောင် ကြိုးစားသွားမယ်။ အခွန်
များများဆောင်နိုင်မှ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာပါ။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်
အားတက် သရော ကြိုးပမ်းနေတဲ့အချိန်မှာ ကျွန်တော်တို့ကလည်း အကောင်းဆုံး ပါဝင်ကြိုးပမ်းသွားမှာ
ဖြစ်ပါတယ်။
တိုးချဲ့မယ့်လုပ်ငန်းတွေ အများကြီးရှိပါတယ်။
နံပါတ် (၁) က အခွန်ဆောင်ပါမယ်။ နံပါတ် (၂) ကတော့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်သွားပါမယ်။
နှစ်စဉ်နှစ်စဉ် အခွန်ထမ်းဆောင် မှုအနေနဲ့ ထိပ်ဆုံးမှာရှိနေမယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်တို့ ဂရုအောက်မှာရှိနေတဲ့ ကုမ္ပဏီပေါင်း ၃၀ ကလည်းပဲ အခွန်အခတွေကို အများဆုံး
ပေးဆောင်လျက်ရှိပါတယ်။
ဦးအောင်ဇော်နိုင်
( CEO - Managing Director ၊
ရွှေတောင်ဖွံ့ ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်)
၂၀၁၃-၂၀၁၄ ခုနှစ်မှာ ကျွန်တော်တို့
ကုမ္ပဏီအနေနဲ့ နိုင်ငံတော်သမ္မတကချီးမြှင့်တဲ့ အခွန်အများဆုံး ထမ်းဆောင်တဲ့ ထူးချွန်ဆုရပါတယ်။
အများဆုံး ပေးဆောင်ရတဲ့ အဆင့် (၃) ရပါတယ်။ ပြီးခဲ့တဲ့နှစ်က ဝင်ငွေခွန် နံပါတ် (၄) ဖြစ်ပါတယ်။
ဒီနှစ်မှာလည်း ဝင်ငွေခွန် နံပါတ် (၄) ရပါတယ်။
ကျွန်တော့်အနေနဲ့ အများကြီး ဝမ်းသာပါတယ်။
ဂုဏ်ယူပါတယ်။ ဆက်လက်ကြိုးစား ဆောင်ရွက်သွားဖို့ အင်အားတွေအများကြီးရပါတယ်။ နိုင်ငံသားတိုင်း၊
ကုမ္ပဏီတိုင်းက အခွန်ပေး ဆောင်ရမယ့် တာဝန်ရှိပါတယ်။ ဒါကိုနိုင်ငံသားအားလုံး တညီတညွတ်တည်း
ဆောင်ရွက်နိုင်ရင် နိုင်ငံတော်မှာ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေ၊ ပညာရေး၊ ကျန်းမာရေး
စတဲ့ နိုင်ငံတော် တိုးတက်မှုအပိုင်းတွေကို အကျိုးရှိရှိ ဆောင်ရွက်နိုင် မှာဖြစ်ပါတယ်။
အခွန်ပေးဆောင်ခြင်းက စီးပွားရေး တိုးတက်မှုကို တွန်းအားပေးတဲ့ သဘောလည်း ဖြစ်ပါတယ်။ စီးပွားရေး
ကောင်းလေ အခွန်များများ ဆောင်နိုင်လေ၊ အခွန်များများဆောင်နိုင်လေ စီးပွားရေး ပိုကောင်းလေပါ။
ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ အခွန်ထမ်းဆောင်တာရှိသလို ကုမ္ပဏီဝန်ထမ်းတွေကလည်း ထမ်းဆောင်ကြပါတယ်။
အဲဒီဝန်ထမ်း တစ်သောင်းကျော်ကလည်း သက်ဆိုင်ရာ Personal Income Tax ကို အပြည့်အဝ ပေးဆောင်နေတဲ့
ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
ကျွန်တော်တို့ ရွှေတောင်အနေနဲ့ မနှစ်က
ဝင်ငွေခွန်အနေနဲ့ ခုနစ်ဘီလီယံကျော် ဆောင်ခဲ့ပါတယ်။ ကုန်သွယ်လုပ်ငန်းခွန်အနေနဲ့ ရှစ်ဘီလီယံလောက်ဆောင်ပါတယ်။
ကျွန်တော်တို့ ကုမ္ပဏီမှာရှိတဲ့ ကုမ္ပဏီခွဲတွေအားလုံး ပေါင်းလိုက်မယ်ဆိုရင် ဝင်ငွေခွန်က
၁၃ ဘီလီယံရှိပါတယ်။ ကုမ္ပဏီခွဲအားလုံး အခု ၅၀ လောက်ရှိပါတယ်။ သက်ဆိုင်ရာကုမ္ပဏီ၊ ကုမ္ပဏီခွဲတွေက
အသီးသီးဆောင်သွားတဲ့ဟာ ပေါင်းလိုက်မယ်ဆိုရင် ဝင်ငွေခွန်က ၁၃ ဘီလီယံ၊ ကုန်သွယ်ခွန်က
ဘီလီယံ ၂၀ ရှိပါတယ်။ အားလုံးပေါင်း ၃၃ ဘီလီယံ ဆောင်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ အနေအထားအရ ဝင်ငွေနိမ့်၊
ဝင်ငွေ လတ် Personal Income Tax တွေကို လျှော့သင့် တယ်လို့ ကျွန်တော်မြင်ပါတယ်။ ကုန်သွယ်လုပ်ငန်းခွနဆိုတာ
စားသုံးသူက ပေးဆောင်တဲ့အခွန်၊ စားသုံးသူအပေါ်မှာ ထပ်ဆောင်းပြီး ကုမ္ပဏီက ပေးဆောင်ရတဲ့
အခွန်ဖြစ်ပါတယ်။ စားသုံးသူက ကျခံတဲ့အခွန်ဖြစ်ပါတယ်။ ဝင်ငွေခွန်အပိုင်းမှာ နိုင်ငံတော်အနေနဲ့
ဖွံ့ဖြိုးတိုးတက်မှု လုပ်ချင်တဲ့ ကဏ္ဍတွေကို တွန်းအားပေးတဲ့အနေနဲ့ Creative ဖြစ်တဲ့ အခွန်
Policy တွေ ထားလို့ရပါတယ်။ ပိုပြီးဖွံ့ဖြိုးတိုးတက်ချင်တဲ့နေရာတွေမှာ အခွန်နှုန်းတွေ
လျှော့ပေးတာစသဖြင့် နိုင်ငံတော်ရဲ့ ဘတ်ဂျက်အနေ အထားပေါ်မူတည်ပြီး ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ သတ်မှတ်ထားတဲ့ ဥပဒေအရ ဆောင်သင့်ဆောင်ထိုက်တဲ့ အခွန်ကို
နိုင်ငံသား အားလုံး ပေးဆောင်ရမယ့် တာဝန်အရ ဘာမှ ငြင်းစရာမရှိပါဘူး။
ဦးသိန်းဝင်းဇော်
(Managing Director၊ ရွှေဗျိုင်းဖြူကုမ္ပဏီလီမိတက်)
ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ သုံးနှစ်ဆက်တိုက်
ဆုရရှိခဲ့ပါတယ်။ ဒီနှစ်မှာ ကုန်သွယ်ခွန် ထမ်းဆောင်တာ နံပါတ် (၆)၊ ဝင်ငွေခွန်က (၁၃)
ရရှိပါတယ်။ အခွန်တွေများများ ပေးဆောင်တဲ့ အတွက် တိုင်းပြည်ရဲ့ လိုအပ်တဲ့နေရာတွေမှာ
များများအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရင်က ပုံသေနည်းစနစ်နဲ့ မြတ်မြတ်၊ မမြတ်မြတ် သွင်းတဲ့အပေါ်မှာ
ဘယ်လောက်ရာခိုင်နှုန်းဆိုပြီး အကြမ်းဖျင်း ကောက်လိုက်ပါတယ်။ အခုကတော့ တကယ်မြတ်မှ တကယ်ဆောင်
ခိုင်းတော့တယ်။ ကုန်သွယ်ခွန်ကတော့ မြတ်မြတ်၊ မမြတ်မြတ်ဆောင်ရပါတယ်။ ဝင်ငွေခွန်ကတော့
မြတ်မှပဲ ဆောင်ရပါတယ်။ အခုအခွန်ကောက်တဲ့စနစ်က ပိုကောင်းပါတယ်။
ဦးဝင်းဆွေ
(Managing Director ၊
ပီတိစွမ်းအားထရေးဒင်းကုမ္ပဏီလီမိတက်)
ကုန်သွယ်ခွန်အများဆုံးဆုရရှိပါတယ်။
နံပါတ်စဉ်ရင်တော့ နံပါတ် (၄)ပါ။ ကျွန်တော်တို့ လုပ်ငန်းထဲကရတဲ့ အမြတ်အစွန်းထဲကနေ နိုင်ငံတော်အတွက်
ပြန်ပြီးလုပ်ပေးရတဲ့အတွက် ဂုဏ်ယူပါတယ်။ အခွန်က နိုင်ငံတော်အတွက် အရေးပါတဲ့အခန်းကဏ္ဍတစ်ခုကနေ
ရှိပါတယ်။ သင့်တင့်မျှတတဲ့ အခွန်ဖြစ်မယ်ဆိုရင် လုပ်ငန်းရှင်တွေ အတွက် အဆင်ပြေပါတယ်။
သင့်တင့် မျှတရင် လူအများကြီး ဆောင်နိုင်ပါတယ်။ အခွန်နှုန်ထားတွေက သင့်တင့်မျှတပြီး
တိုင်းပြည်အခြေအနေနဲ့ ကိုက်ညီတဲ့ဟာ ဖြစ်ဖို့လိုပါတယ်။ မနှစ်ကဆို ကျွန်တော်တို့ ကုန်သွယ်ခွန်ရော၊
ဝင်ငွေခွန်ရော နှစ်ခုစလုံး အဆင့် တစ်ကနေ တစ်ဆယ်အတွင်ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ အခုလို
နိုင်ငံတော်က အသိအမှတ်ပြုပြီး အရေးတယူလုပ်ပေးတာကို သဘောကျပါတယ်။ ဒီလိုလုပ်ပေးတဲ့အတွက်
နောင်မှာ အခွန်နဲ့ ပတ်သက်ပြီး အကျွမ်းတဝင်မရှိတဲ့ ကုန်သည်တွေအတွက်လည်း အတုယူစရာ ဖြစ်ပါတယ်။
နှစ်စဉ်လည်း ကျင်းပပေးသင့်ပါတယ်။ လာမယ့်နှစ်တွေမှာလည်း အခုလို နိုင်ငံတော်က ချီးမြှင့်တဲ့
ဟာကို ကြိုးစားချင်တဲ့စိတ်လည်း ရှိပါတယ်။
ဒေါ်ယဉ်ယဉ်ဌေး
(Chief Financial Offi cer ၊
Telenor Myanmar Ltd)
ကျွန်မတို့က ဒီနေ့ပွဲမှာတော့
categories သုံးခုပေးပါတယ်။ ပထမတစ်ခုကတော့ ဝင်ငွေခွန်၊ နောက်တစ်ခုက ကုန်သွယ်လုပ်ငန်းခွန်၊
နောက်တစ်ခုကတော့ အထူးအခွန်ဖြစ် ပါတယ်။ Telenor Myanmar အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
အဖွဲ့ထဲမှာ ဝင်ငွေခွန် ဒုတိယဆု ရခဲ့ပါတယ်။ ကုန်သွယ်ခွန် မှာတော့ ပထမဆုရခဲ့ပါတယ်။ စုစုပေါင်း
categories သုံးခုမှာ ကျွန်မတို့ကနှစ်ခုကို ပထမနဲ့ ဒုတိယကို ရခဲ့ပါတယ်။
ကုမ္ပဏီတွေအနေနဲ့ အမြတ်ရရင် မှန်မှန်ကန်ကန်
အခွန်ထမ်းဆောင်ရပါမယ်။ နိုင်ငံတော်သမ္မတ ပြောခဲ့သလို နိုင်ငံသားတိုင်းဟာ အခွန်ထမ်းဆောင်ဖို့
တာဝန်ရှိပါတယ်။ ကုမ္ပဏီတိုင်းကလည်း အခွန်ထမ်းဆောင်ဖို့ တာဝန်ရှိပါတယ်။ အခုလို နိုင်ငံတော်အစိုးရအနေနဲ့
အသိအမှတ်ပြုပြီး ဂုဏ်ပြုဆုတွေ ချီးမြှင့်ပေးတာ ဝမ်းသာပါတယ်။ ကျေးဇူးတင်ပါတယ်။ ကုမ္ပဏီအားလုံးကလည်း
ဝမ်းသာနေကြပါတယ်။ သူတို့လည်း ဒီလိုဆုမျိုးကို နှစ်ပေါင်းများစွာ တိုင်အောင် ထိန်းနိုင်အောင်
ဆက်ပြီးအခွန်ထမ်းဆောင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒါမှလည်း တိုင်းပြည်အတွက် အခွန်တွေရမှာ
ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ကလည်း အခုလို အခွန်အများကြီးရ လာတာနဲ့အမျှ လိုအပ်တဲ့ အခြေခံ
အဆောက်အအုံတွေ တည်ဆောက်တဲ့နေရာမှာ ပိုပြီးတော့ ရင်းနှီးမြှုပ်နှံနိုင်မှာ ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း - ကျော်ဟန်မော်
ဓာတ်ပုံ - ချောချော


No comments:
Post a Comment