နေပြည်တော် ဇန်န၀ါရီ ၂၄
ပြန်ကြားရေးဝန်ကြီးဌာန၏ e-Government ဆိုင်ရာလုပ်ငန်း အကောင်အထည်ဖော်
ဆောင်ရွက်နေမှု များကို အရှိန်အဟုန် မြှင့်တင် လုပ်ဆောင်နိုင်ရေး ဒုတိယအကြိမ်
လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက ပြန်ကြားရေးဝန်ကြီးဌာန၏ e-Government လုပ်ငန်း ဆောင်ရွက်ခြင်းကို စနစ်တကျ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးအတွက် ဌာနအားလုံးက တက်ညီ လက်ညီ ပူးပေါင်း ဆောင်ရွက်ရေး၊ သတင်းအချက်အလက်များ တိကျ မှန်ကန် မြန်ဆန်စွာ လွှင့်ထုတ်နိုင်ရေး၊ ဆိုက်ဘာ လုံခြုံရေး၊ ကျွမ်းကျင်မှု ဆင့်ပွားသင်တန်းများ ပို့ချရေးတို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ e-Government ဆောင်ရွက်မှုများနှင့် ပတ်သက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ၊ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းတို့မှ တာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ အကြံပြုချက်၊ သုံးသပ်ချက် များကို ရှင်းလင်း တင်ပြကြသည်။
(သတင်းစဉ်)

No comments:
Post a Comment