စစ်တွေ ဇန်န၀ါရီ ၂၃
ပြည်တွင်း၊ ပြည်ပ သတင်းဌာနများမှ သတင်းမီဒီယာသမားများသည်
ရခိုင်ပြည် နယ် မောင်တောဒေသ၌ သတင်းများရယူရန် ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ တွင်
မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြသည်။
သတင်းမီဒီယာအဖွဲ့တွင် Tokyo Shinbum, The Mainichi
Newspaper, Sankei Shimbum, Nippon TV, TBS, AFP, Wall Street Journal, MI Radio,
MITV, MRTV နှင့် MNA တို့မှ သတင်းမီဒီယာသမား ၁၇ ဦး ပါဝင်ပြီး ဇန်န၀ါရီ ၂၅ ရက်အထိ
သတင်းရယူ ကြမည်ဖြစ်သည်။
သတင်းမီဒီယာအဖွဲ့များသည် ရခိုင်ပြည်နယ် မောင်တောဒေသသို့
သွားရောက် သတင်းရယူမှု အနေဖြင့် ၂၀၁၆ ခုနှစ်တွင် ၁ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် ၈ ကြိမ်၊ ၂၀၁၈
ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ၆ ကြိမ်နှင့် ၂၀၁၈ ခုနှစ် မတ်လမှစတင်၍ ရခိုင်ပြည်နယ် ဆိုင်ရာ
အကြံပြုချက် အကောင်အထည်ဖော်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ၁ လ လျှင် နှစ်ခေါက်နှုန်းဖြင့်
၁၅ကြိမ် သတင်းရယူခဲ့ရာ ယခုအကြိမ်နှင့်ဆိုလျှင် စုစုပေါင်း အကြိမ် ၃၀ ရှိပြီဖြစ်ကြောင်း
သိရသည်။
သတင်း၊ မျိုးမြင့် (သတင်းစဉ်)
ဓာတ်ပုံ၊ တင်ထွန်း(ပြန်/ဆက်)

No comments:
Post a Comment