နေပြည်တော် ဇန်နဝါရီ ၂၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု
ဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine
Burgener အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး
ဝန်ကြီးဌာနရှိ မေခလာခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မဟာဗျူဟာ ရေးဆွဲဆောင်ရွက်နေမှု အခြေအနေ၊ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် သတင်းအချက်အလက် အမှန်များ ပေးအပ်နိုင်ရေးအတွက် Fact-Sheet ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်သူများ၏ တိုင်ကြားစာနှင့် အသနားခံစာများအား လေ့လာ စိစစ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်က ကော်မတီဖွဲ့စည်းထားရှိမှု၊ တပ်မတော် နှင့် AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး နောက် နေရပ်စွန့်ခွာသူများအား လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ် ဆောင်ရွက်နေမှု အခြေအနေများ၊ ကြက်ခြေနီ လှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ၊ ICRC နှင့် IFRC တို့မှ ပုံမှန်လုပ်ငန်းများအပြင် လတ်တလော အခြေအနေများတွင် နေရပ်စွန့်ခွာသူများအား ၀န်ကြီးဌာန နှင့်ပူးပေါင်း၍ ထောက်ပံ့ ဆောင်ရွက်ပေးနေမှုများ၊ လာမည့်ရက်သတ္တပတ် အတွင်း ရခိုင်ပြည်နယ် အကြံပြုချက် များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေး ကော်မတီက သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် လုပ်ငန်းစီမံကိန်း ရေးဆွဲဆောင်ရွက်မည့် အခြေအနေများ၊ အာဆီယံနိုင်ငံများ၊ AHA စင်တာနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက် ရေးအတွက် ရင်းနှီးမြုပ်နှံမှုများ ပိုမိုဝင်ရောက် လာစေနိုင်ရေး ကိစ္စရပ်များ၊ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများအတွက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ ပြင်ဆင်ရေးဆွဲနေပြီး မကြာမီ အတည်ပြုနိုင်မည့် အခြေအနေများ၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးတို့အတွက် အမျိုးသားအဆင့် ကော်မတီ၊ လုပ်ငန်း ကော်မတီများဖြင့် ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေ များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment