Friday, January 25, 2019

မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ပြန်ကြားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး


မနီလာ ဇန်န၀ါရီ ၂၅
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်နိုင်ငံ Presidential Communications Operations Office (PCOO) တို့အကြား ပြန်ကြားရေးကဏ္ဍ ပူးပေါင်ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ဖိလစ်ပိုင်နိုင်ငံ Presidential Communications Operations Office (PCOO) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဖိလစ်ပိုင်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီး Jose Ruperto Martin M. Andanar တို့ လက်မှတ်ရေး ထိုးကြပြီး နားလည်မှုစာချွန်လွှာ (MoU) ကို အပြန်အလှန် လဲလှယ်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့နှင့် ဖိလစ်ပိုင်နိုင်ငံ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဝန်ကြီး Jose Ruperto Martin M. Andanar နှင့် ဖိလစ်ပိုင်နိုင်ငံ သတင်းပြန်ကြားရေးနှင့် ဆက်သွယ်ရေး ဆိုင်ရာ အဆင့်မြင့်ပုဂ္ဂိုလ်များသည် ဒေသစံတော်ချိန် ညနေ (၄) နာရီတွင် နှစ်နိုင်ငံ သတင်းပြန်ကြားရေးနှင့် မီဒီယာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
နှစ်နိုင်ငံအကြား ပြန်ကြားရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲနှင့် ဆွေးနွေးပွဲ အခမ်းအနားများသို့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းနိုင်၊ ဖိလစ်ပိုင် ပြန်ကြားရေးနှင့် ဆက်သွယ်ရေး ဒုတိယ၀န်ကြီး များဖြစ်ကြသော Atty . Marvin R. Gatpayat ၊ George A. Apacible နှင့် Loraire T Badoy နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment