Thursday, January 31, 2019

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မိတ်ဖက် လေကြောင်းလိုင်းများ၊ မိတ်ဖက် လုပ်ငန်းစုများနှင့် ရင်းနှီးဆက်ဆံမှုမြှင့်တင်ခြင်း တွေ့ဆုံပွဲကျင်းပ

ရန်ကုန် ဇန်န၀ါရီ ၃၀
၂၀၁၈ ခုနှစ် အောက်တိုဘာလမှစတင်၍ မြန်မာနိုင်ငံသို့ ပြည်ဝင်ဗီဇာဖြေလျှော့ မှုများ စတင်ခဲ့ပြီးနောက် တိုးတက်လာသည့် ခရီးသည်ပမာဏကို လက်ခံဝန်ဆောင် မှုပေးနိုင်ရန် လေဆိပ်ဝန်ဆောင်မှုများ အဆင့်မြှင့်တင်ထားရှိပြီး နိုင်ငံတကာ လေကြောင်းဆက်သွယ်မှုများ တိုးချဲ့ပြေးဆွဲရန် ဆောင်ရွက်လျက်ရှိသော ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၎င်း၏ မိတ်ဖက်လေကြောင်းလိုင်းများ၊ လေဆိပ်ရှိ လုပ်ငန်းစုများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့က ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ် Terminal 3 ရှိ Mingalar Sky Lounge ၌ ကျင်းပ ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ မိတ်ဖက် လေကြောင်းလိုင်းများ၊ မိတ်ဖက်လုပ်ငန်းရှင်များနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လုပ်ငန်းများအား စီမံခန့်ခွဲဝန်ဆောင်မှုပေး လျက်ရှိသော Yangon Aerodrome Company Limited (YACL)မှ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းကူညီဆောင်ရွက်ပေးလျက်ရှိသော မိတ်ဖက်အဖွဲ့အစည်းများ အားလုံးကို ဂုဏ်ပြုသောအခမ်းအနားဖြစ်ကြောင်းနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မိတ်ဖက်လေကြောင်းလိုင်းများ၊ မိတ်ဖက် လုပ်ငန်းစုများနှင့် ရင်းနှီးဆက်ဆံမှုမြှင့်တင်ခြင်းဖြစ်ပါကြောင်း YACL တာဝန်ခံ အရာရှိတစ်ဦးက ပြောကြားသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)

No comments:

Post a Comment