နေပြည်တော် ဇန်နဝါရီ ၂၃
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး
ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ (မူကြမ်း) ရေးဆွဲရေးကော်မတီ အစည်းအဝေး
အမှတ်စဉ်(၁/၂၀၁၉)ကို ယမန် နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အစည်းအဝေး ခန်းမ(၁)၌ ကျင်းပသည်။
အခမ်းအနားသို့ ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ ကော်မတီအဖွဲ့ဝင်များဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌနှင့် အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်အဖွဲ့ဝင်၊ ကော်မတီအဖွဲ့ဝင် နှင့် အထူးဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ဝိုင်းဝန်းဆွေးနွေးအကြံပြု
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသားအဆင့်မ ဟာဗျူဟာ သည် မျှော်မှန်းချက်များ၊ ရည်မှန်းချက် များနှင့် ရည်ရွယ်ချက်များအတိုင်း ပြီးမြောက်အောင်မြင် အောင် ဆောင်ရွက် နိုင်မည့် မဟာဗျူဟာဖြစ်ရန် လိုအပ်ကြောင်း၊ သို့မှသာအမျိုးသားအဆင့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်အကဲဖြတ်ရေး လုပ်ငန်းစဉ်မှ ဖော်ထုတ်ရရှိသည့် ဆုံးရှုံး နိုင်ခြေ အန္တရာယ်များလျှော့ချနိုင်မည်ဖြစ် ကြောင်း၊ မဟာဗျူဟာနယ်ပယ်များ အလိုက် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများမှ ဆွေးနွေးချက်၊ အကြံပြုချက်များအတိုင်း ထည့်သွင်းထားပြီး အကောင် အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မဟာဗျူဟာ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးအကြံပြု ပေးစေလိုကြောင်း၊ ယခုအစည်းအဝေးတွင် မဟာဗျူဟာ(မူကြမ်း) အပေါ် အတည်ပြုသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဖြည့်စွက်ဆွေးနွေးအတည်ပြု
ဆက်လက်၍ ကော်မတီအတွင်းရေးမှူး၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ဝင်းသိန်းက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ ဆောင်ရွက်ပြီး စီးမှု၊ မဟာဗျူဟာ(မူကြမ်း)ရေးဆွဲဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ ကော်မတီက အတည်ပြုနိုင်ရေးနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြခဲ့ပြီး တက်ရောက်လာ သူများက မဟာဗျူဟာ(မူကြမ်း)အပေါ် ဖြည့်စွက်ဆွေးနွေး အတည်ပြုခဲ့ ကြသည်။
အဆိုပါ အမျိုးသားအဆင့် မဟာဗျူဟာ(မူကြမ်း)ကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက် တင်ပြ အတည်ပြုမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment