Thursday, January 24, 2019

ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


 
နေပြည်တော် ဇန်န၀ါရီ ၂၃
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် မြန်မာ နိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E.Mr. Ichiro Maruyama နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ဆွေးနွေး
တွေ့ဆုံစဉ် ၀န်ကြီးဌာန၏ အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေး ကြသည်။
တက်ရောက်
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်း၊ နိုင်ငံခြားရေး ၀န်ကြီး ဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူး ချုပ် ဦးမြင့်သန်းတို့ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment