နေပြည်တော် ဇန်နဝါရီ ၂၄
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
မစ္စတာလီတဲဟိုအား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့်
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာအစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး
ကြိုးပမ်းဆောင်ရွက်မှုများတွင် ကိုရီးယား သမ္မတနိုင်ငံမှ အကူအညီများ တိုးမြှင့်ပေးသွားမည့်ကိစ္စ၊
မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများဖွံ့ဖြိုးတိုး တက်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံမှ
Samuel Undong စီမံကိန်းဖြင့် အကူအညီပေးနေသည့် ကိစ္စ၊ ၂၀၁၉ ခုနှစ်အတွင်း အာဆီယံ-ကိုရီးယားဆွေးနွေးဖက်
ဆက်ဆံရေး နှစ် (၃၀) ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပထမအကြိမ် မဲခေါင်-ကိုရီးယား
ထိပ်သီး အစည်းအဝေးများ ကျင်းပရေးကိစ္စများနှင့် မြန်မာနိုင်ငံ အသွင်ကူးပြောင်းဆဲ ကာလတွင်
ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ကျော်လွှားရေးအတွက် ကူညီပံ့ပိုးရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ
အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
သတင်းစဉ်

No comments:
Post a Comment