Wednesday, January 30, 2019

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေမိုင်နှစ်ဖက်ညှိနှိုင်း လှည့်ကင်းဆောင်ရွက်

နေပြည်တော် ဇန်န၀ါရီ ၂၉

မောင်တောမြို့နယ် နယ်မြေ(၇) ရှေ့တန်း အမှတ်(၁) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ မကျီးချောင်း နယ်မြေရုံးမှ ဒုတိယရဲမှူး ကျော်သက်ဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့ စု (မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ် အမှတ်(၀၀၅)ပါနှစ်စင်းဖြင့် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် Shahparirdip ကင်းစခန်းမှ Subedar Md. Najrul Islam ဦးဆောင်သည့် အဖွဲ့ဝင်များသည် စက်တပ်ရေယာဉ်နှစ်စင်းဖြင့်လည်းကောင်း စုစုပေါင်းလေးစင်း တို့သည် ဇန်န၀ါရီ ၂၈ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က မကျီးချောင်း ချောင်းဝထိပ် နတ်မြစ် မြစ်လယ်ရှိ နှစ်နိုင်ငံ နယ်နိမိတ်အနီး ရေမိုင်အမှတ် (၂) မှ အောင်ဗလချောင်းဝထိပ် ရေမိုင်အမှတ်(၅)အထိ နတ်မြစ်ကြောင်းအတိုင်း ရေမိုင်နှစ်ဖက်ညှိနှိုင်း ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(၀၀၅)ပေါ်၌ နှစ်ဖက်ညှိနှိုင်း ကင်းလှည့်သည့် အဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား

No comments:

Post a Comment