Tuesday, January 22, 2019

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေး ကျင်းပ


နေပြည်တော်  ဇန်နဝါရီ ၂၂
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီသည် နိုင်ငံတော် သမ္မတက သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ပြည်ထောင်စု လွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဥပဒေကြမ်းပူးပေါင်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုလွှတ်တော်ရုံး တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment