Wednesday, January 23, 2019

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက်



နေပြည်တော် ဇန်နဝါရီ ၂၂

မောင်တောမြို့ နယ်မြေ(၅) အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ခွဲ ရွက်ညိုတောင် ရဲစခန်းမှ ယာယီရဲမှူး တင်လှိုင် ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု (မောင်တော) မှ ငါးမန်း အမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ်(၀၀၄)ပါ နှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် (၂) နယ်ခြားစောင့်တပ် Domdomia ကင်းစခန်းမှ Jeo - 8085 n/s Humayun Kobin ဦးဆောင်သည့် အဖွဲ့ဝင်များသည် စက်တပ်ရေယာဉ် နှစ်စင်း၊ စုစုပေါင်း လေးစင်း တို့သည် ဇန်နဝါရီ ၂၁ ရက် နံနက် ၁၀ နာရီခွဲက မင်္ဂလာကြီးချောင်းဝ ထိပ် နတ်မြစ်မြစ်လယ်ရှိ နှစ်နိုင်ငံ နယ်နိမိတ်အနီး ရေမိုင် အမှတ်(၈)မှ ဦးစောလှကျွန်း၊ ရေမိုင် အမှတ်(၁၁)ထိ နတ်မြစ်ကြောင်း အတိုင်း နှစ်နိုင်ငံ နှစ်ဖက် ညှိနှိုင်း၍ ရေမိုင်လှည့်ကင်း ဆောင်ရွက် ခဲ့ပြီး ရေယာဉ် အမှတ် (၀၀၄) ပေါ်၌ နှစ်ဖက်ကင်းလှည့် အဖွဲ့များ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲပြန်ကြား

No comments:

Post a Comment