Wednesday, January 30, 2019

လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေး


ရန်ကုန် ဇန်န၀ါရီ ၃၀

နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ရန် အမျိုးသားအစီအစဉ်တစ်ရပ် အနေဖြင့် ဖွဲ့စည်းခဲ့သည့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဆဋ္ဌမအကြိမ် မြောက်အစည်းအဝေးကို ဇန်န၀ါရီ ၂၉ ရက်မှ ၃၁ ရက်အထိ ရန်ကုန်မြို့ရှိ  ဆီဒိုးနား ဟိုတယ်၌ ကျင်းပလျက်ရှိသည်။
အစည်းအဝေး ဒုတိယနေ့(ယနေ့) နံနက် ၁၀ နာရီခွဲတွင် လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ  သံအမတ်ကြီး ရိုဆာရီယိုမယ်နာလို နှင့်  အဖွဲ့ဝင်များ သည်  သမိုင်းပညာရှင်  ဒေါက်တာသန့်မြင့်ဦးနှင့် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ ဦးဆောင်သော ကော်မရှင် အဖွဲ့ဝင်များနှင့်လည်းကောင်း ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ တွေ့ဆုံဆွေးနွေးကြ သည်။

(သတင်းစဉ်)

No comments:

Post a Comment