နေပြည်တော် ဒီဇင်ဘာ ၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် Plan
International Myanmar အဖွဲ့မှ Mr. Kelly Stevenson ဦးဆောင်သော အဖွဲ့သည်က
ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာ ခန်းမ၌ တွေ့ဆုံကြသည်။
တွေ့ဆုံရာတွင် လမ်းပေါ်နေ ကလေးများ
နှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနမှ ကနဦးလေ့လာ ဆန်းစစ်ခြင်း ဆောင်ရွက်နေမှု၊
ပြန်လည်ထူထောင်ရေး၊ ကျောင်းပြင်ပ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အသက် မွေးဝမ်းကျောင်း
လုပ်ငန်းများဆိုင်ရာ ဆောင်ရွက်နေမှုများ၊ လူငယ်ရေးရာမူဝါဒ အကောင်အထည်ဖော်
ဆောင်ရွက်ရေး၊ လူငယ်သင်တန်းကျောင်းများတွင် လက်ခံ ထားသည့် လူငယ်များ၏
ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
(သတင်းစဉ်)
No comments:
Post a Comment