Monday, December 3, 2018

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲ မြန်မာလက်ရွေးစင် အားကစား သမားများ အတွက် အလှူငွေပေးအပ်လှူဒါန်း



နေပြည်တော် ဒီဇင်ဘာ ၃
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် အားကစား သမားများ အောင်မြင်မှု ရရှိနိုင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် ပညာရေး ၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများကလှူဒါန်းသော အလှူငွေ ကျပ်သိန်း(၁၀၀) ကျပ်သိန်း တစ်ရာတိတိနှင့် အင်အားပြည့် ကြက်ဥ (၃၂၀၆)လုံးတို့ကို နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က လှူဒါန်းပေးအပ်ရာ (၁၉)ကြိမ်မြောက် အရှေ့တောင် အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည် ပေးအပ် ခဲ့သည်။

အဆိုပါ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို နေပြည်တော်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်မှ ၁၉ ရက်အထိ (၁၀)ရက်ကြာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမည်ဖြစ်ပြီး အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမား ၂၀၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ပြီး အားကစားနည်း ၁၇ နည်းကို ပြိုင်ပွဲပေါင်း ၂၀၁ မျိုး ထည့်သွင်း ကျင်းပ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment