ရန်ကုန် ဒီဇင်ဘာ ၁
ရုပ်ရှင်ဇာတ်ကားကောင်းများ တည်းဖြတ်မှု အချောသပ်ထုတ်လုပ်မှုဆိုင်ရာ
စကားဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်း မြို့နယ်
အမှတ်(၅၀) ရွှေတောင်ကြားလမ်း ရုပ်ရှင်အနုပညာ ရပ်ဝန်းရှိ “ရုပ်ရှင် ဖွံ့ ဖြိုးတိုးတက်ရေးစင်တာ”
(Film Development Centre) ၌ ကျင်းပမည် ဖြစ်သည်။
တက်ရောက်လေ့လာနိုင်
ဆွေးနွေးပွဲတွင် ဒါရိုက်တာအောင်ကိုလတ်က ဦးဆောင်ဆွေးနွေးသူအဖြစ်
ဆောင်ရွက်ပြီး ဒေါက်တာဉာဏ်လင်းဦး (ကိုဉာဏ်)၊ ဦးကြည်မင်းသိန်း၊ ဒေါက်တာသူရ သိန်းတင်၊
ဦးဉာဏ်ဝင့်နှင့် ဦးတင်ငြိမ်းတို့က ပါဝင်ဆွေးနွေးကြမည် ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲကို
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရုပ်ရှင်ဖွံ့
ဖြိုးတိုးတက်ရေးစင်တာ၊ စီမံခန့်ခွဲရေး အဖွဲ့တို့ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ပြီး
ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးပြီးနောက် တည်းဖြတ်မှုအချောသပ် ထုတ်လုပ်မှုဆိုင်ရာ အတွေ့အကြုံများရရှိစေရန်
ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်းနှင့် စိတ်ပါဝင်စားသူများ တက်ရောက်လေ့လာနိုင်မည် ဖြစ်သည်။
ဆွေးနွေးပွဲများ ကျင်းပခဲ့
ရုပ်ရှင်ဇာတ်ကားကောင်းများ ရိုက်ကူးထုတ်လုပ်နိုင်ရန်အတွက်
ကြိုတင် ပြင်ဆင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Panel Discussion on Making Good
Movie: Pre-Production) ကို စက်တင်ဘာ ၂၃ ရက်တွင် လည်းကောင်း၊ ရုပ်ရှင်ဇာတ်ကားကောင်းများ
ရိုက်ကူးထုတ်လုပ်ခြင်းနှင့်ပတ်သက် သော စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion on
Making Good Movie: Production on Set) ကို အောက်တိုဘာ ၂၇ ရက်တွင် လည်းကောင်း “ရုပ်ရှင်ဖွံ့
ဖြိုးတိုးတက်ရေးစင်တာ” (Film Development Centre) ၌ ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment