Tuesday, December 4, 2018

မြန်မာနိုင်ငံစာရင်းကောင်စီ (၂/၂ဝ၁၈) အစည်းအဝေးကျင်းပ


ရန်ကုန် ဒီဇင်ဘာ ၃
မြန်မာနိုင်ငံစာရင်းကောင်စီ(၂/၂ဝ၁၈) အစည်း အဝေးကို ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ မြန်မာနိုင်ငံ စာရင်းကောင်စီရုံး၌ ကျင်းပ ရာ မြန်မာ နိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်း စစ်ချုပ် ဦးမော်သန်းနှင့် မြန်မာနိုင်ငံစာရင်း ကောင်စီအဖွဲ့ဝင်များ တက်ရောက် ကြသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ စာရင်း ကောင်စီဥပဒေ (၂ဝ၁၅) ကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် မြန်မာနိုင်ငံ စာရင်းကောင်စီ နည်းဥပဒေ(မူကြမ်း) ကိစ္စတို့ကို ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီမှ မေ ၂၆ ရက်မှ နိုဝင်ဘာ ၂၉ ရက်အထိ ထုတ်ပြန်ခဲ့သည့် အမိန့် ကြော်ငြာစာများ၊ ရုံးအမိန့်များ၊ ညွှန်ကြားချက် များနှင့် ကော်မတီများ၏ အစည်းအဝေးကျင်းပမှု များ၊ စာရင်းလုပ်ငန်း အရည်အသွေး ထိန်းသိမ်း ရေးဆိုင်ရာ နည်းလမ်းများ (Quality Control Procedures) သတ်မှတ်ထားရှိရန်အတွက် ညွှန်ကြားချက် ထုတ်ပြန်ရန်ကိစ္စများ။
အပြည်ပြည်ဆိုင်ရာ စာရင်းလုပ်ငန်းများနှင့် ဆက်သွယ် ဆောင်ရွက် မှု၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်း၏ လုပ်ငန်း ဆောင်ရွက်မှု၊ Survey Questionnaires for Audit and Quality အား အစီရင်ခံတင်ပြခြင်း၊ အောင်လက်မှတ် ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပရန်ကိစ္စများနှင့် မြန်မာနိုင်ငံ စာရင်းကောင်စီရုံး၏ ရုံးလုပ်ငန်းဆောင်ရွက်မှု အခြေ အနေ စသည်တို့ကို ဆွေးနွေးကြပြီး တက်ရောက်လာသည့် စာရင်းကောင်စီ ဝင်များ က အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြ သည်။
ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ မြန်မာ နိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံ စာရင်း ကောင်စီ၏ လုပ်ငန်းတာဝန်များ ပြည့်မြောက် အောင်မြင်စေရေးနှင့် စာရင်းပညာ ဖွံ့ဖြိုးရေး အတွက် မြန်မာနိုင်ငံ စာရင်းကောင်စီဝင်များ အနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်း ကြိုးပမ်းကြရန် မှာကြားသည်။
သတင်းစဉ်

No comments:

Post a Comment