Monday, December 3, 2018

အာရှ-ပစိဖိတ်အခမ်းအနားတွင် စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင် ဆရာတော် ဦးသောဘိတက ဗုဒ္ဓဘာသာကိုယ်စားပြု အထူးမိန့်ခွန်း မိန့်ကြား


ကတ္တမန္ဒူး ဒီဇင်ဘာ ၂ 
IBEC ဆရာတော် ဦးသောဘိတ (စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင်) သည် နီပေါနိုင်ငံ ကတ္တမန္ဒူးမြို့ တွင် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပလျက်ရှိသော အာရှ-ပစိဖိတ် ထိပ်သီးညီလာခံ၌ တက်ရောက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ဗုဒ္ဓာသာကိုယ်စားပြုအနေဖြင့် ငြိမ်းချမ်းရေးသတင်းစကားများ မိန့်ကြားခဲ့ ကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ နိုင်ငံပေါင်း ၄၅ နိုင်ငံမှ နိုင်ငံတော်အကြီးအကဲများ၊ နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များ၊ အငြိမ်းစားအရာရှိကြီးများနှင့် နိုင်ငံတကာမှ လူငယ်ခေါင်းဆောင်များ စုစုပေါင်း ၂ဝဝဝ ကျော် တက်ရောက်ခဲ့ကြသည်။

ယင်းအခမ်းအနားတွင် ဆရာတော်မှ ငြိမ်းချမ်းရေးစကား မိန့်ကြားခဲ့သည်မှာ ဆူပူအကြမ်းဖက်မှု တွေရဲ့ ရှေ့မှာ ငြိမ်းချမ်း ရေးပြယုဂ်တစ် ခုဖြစ်ဖို့၊ မုန်းတီးမှုတွေရဲ့ ရှေ့မှာ မေတ္တာတရားအကြောင်းတွေကိုပဲ ပြောကြားကြဖို့၊ အမှောင်တွေရဲ့ရှေ့မှာ အလင်းပေးသူဖြစ်ကြဖို့၊ မျှော် လင့်ချက် ကင်းမဲ့နေချိန်မှာ မျှော်လင့်ချက်ထားနိုင်သမျှ အရာအားလုံးကို ဆုပ်ကိုင်ထား ကြဖို့၊ ရက်စက်ကြမ်းကြုတ်မှုတွေရဲ့ရှေ့မှာ ကရုဏာတရားတွေကို ပြသကြဖို့၊ လူသား အားလုံးဟာ တစ်စိတ် တစ်ဝမ်းတည်း ဖြစ်တယ်ဆိုတာကို ပြသပေးနိုင်ကြဖို့၊ အလိုအပ်ဆုံးအချက်မှာ နိုင်ငံအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း အပြန်အလှန် လေးစားမှုရှိရန် ဆွေးနွေးပွဲများ ပြုလုပ် ရမည်ဖြစ်ကြောင်း၊ အကျပ်အတည်း အခက်အခဲပြဿနာများ အတွက် တစ်ခုတည်းသောအဖြေမှာ အပြန်အလှန် နားလည်မှုရှိကြရန်သာ ဖြစ်ကြောင်း၊ ထို့အပြင် ယခု ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေးအတွက် လက်တွေ့ဖော်ဆောင်နိုင်ရန် အကောင်းဆုံးအခွင့်အလမ်းသာ ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားခဲ့သည်။

အောင်စံမောင်

No comments:

Post a Comment