ပဋိညာဉ်စာချုပ်များသည် တစ်ဦးနှင့် တစ်ဦးအကြား သဘောတူညီချက်ဖြင့်
ဆောင်ရွက်ရန် ကိစ္စများကို ကတိပြုကြသည့် စာချုပ်များ ဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦးအကြား
ကတိကဝတ် အတိုင်း၊ သဘောတူညီချက် အတိုင်း ဆောင်ရွက်နေကြပါက ထိုစာချုပ်များကို အသုံးပြုရန်
မလိုပါ။ သို့ရာတွင် တစ်ဦးနှင့် တစ်ဦးအကြား ကတိအတိုင်း ဆောင်ရွက်ရန်ပျက်ကွက်ခြင်း၊ သဘောတူညီချက်
(ပဋိညာဉ် စာချုပ်) ကို ချိုးဖောက်ခြင်းပြုသည့် အခါတွင် ပဋိညာဉ်အတိုင်း လိုက် နာဆောင်ရွက်စေရန်
သို့မဟုတ် ပဋိညာဉ်စာချုပ် ဖောက်ဖျက်မှုအတွက် နစ်နာကြေး တောင်းဆိုရန်နှင့် ဥပဒေနှင့်အညီ
ရထိုက်သည့် ကုစားမှု များရရှိစေရန်အတွက် ထိုပဋိညာဉ် စာချုပ်များကို အသုံးပြု ဆောင်ရွက်ရပါသည်။
ထို့ကြောင့် ပဋိညာဉ် စာချုပ်များသည် တစ်ဦး နှင့်တစ်ဦး အကြား သဘောတူညီချက်ဖြင့် ဆောင်ရွက်မှုများတွင်
အလွန် အရေးကြီးပါသည်။ ပဋိညာဉ်စာချုပ်များတွင် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအကြား
ချုပ်ဆိုသော ပဋိညာဉ်စာချုပ် များ(သဘော တူညီချက်များ)နှင့် အပြည်ပြည် ဆိုင်ရာစာချုပ်များ
(အပြည်ပြည်ဆိုင်ရာသဘော တူညီချက်များ) ဟု ယေဘုယျအားဖြင့် ခွဲခြားနိုင်ပါသည်။
ပဋိညာဉ်ဆိုသည်မှာ (What is a Contract?)
ပဋိညာဉ် (Contract)သည် စာချုပ်ဝင်များ၏ သဘောတူညီချက်မှ ပေါ်ပေါက်လာခြင်း
ဖြစ်ပါ သည်။ ပဋိညာဉ်ဆိုသည်မှာ နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော ပုဂ္ဂိုလ်များအကြားတွင်
ဥပဒေအရ အာဏာ သက်ရောက်မှုရှိသော သဘောတူညီချက်(Agreement)ကို ပဋိညာဉ်ဟု ဆိုလိုပါသည်။ မြန်မာ
နိုင်ငံ၏ တည်ဆဲပဋိညာဉ်အက် ဥပဒေ(The Contract Act, Law No. 9/ 1872) ၏ ပုဒ်မ ၁၀ အရ ပဋိညာဉ်ပြုရန်
အရည်အချင်းပြည့်ဝသော ပုဂ္ဂိုလ်များ၏ လွတ်လပ် သောသဘောတူညီချက်ဖြင့် ဥပဒေနှင့်ညီသော အဖိုးစားနား
အတွက် ဥပဒေနှင့်ညီသော၊ ပျက်ပြယ်သည်ဟု အတိအလင်း ကြေညာထား ခြင်း မရှိသော ဦးတည်ချက်တစ်ခု
အတွက် သဘောတူညီချက်အားလုံးသည် ပဋိညာဉ် ဖြစ်ကြောင်း ပြဋ္ဌာန်းထားပါသည်။ ပဋိညာဉ်တစ်ခု ဖြစ်ရန်အတွက်
အဓိကလိုအပ်ချက်များမှာ သဘောတူညီချက်တစ်ခု တွင် ကမ်းလှမ်းခြင်းနှင့် လက်ခံခြင်း
(Offer and Acceptance)၊ ဥပဒေအရ ဆက်နွှယ်မှုပြုရန် ရည်ရွယ်ချက် (Intention to create
legal relationship)၊ ဥပဒေနှင့်ညီသော အဖိုးစားနား (Lawful consideration)၊ ပဋိညာဉ်ပြုရန်
အရည်အချင်းပြည့်ဝမှု (Capacity of parties competency)၊ လွတ်လပ်၍ စစ်မှန်သောသဘောတူ ညီချက်
(Free and genuine consent)၊ ဥပဒေနှင့်ညီသော ရည် ရွယ်ချက် (Lawful object)၊ ပျက်ပြယ်သည်ဟု
ကြေညာထားခြင်း မရှိသော သဘော တူညီချက် (Agreement not to be declared void)၊ ဆောင်ရွက်ရန်
အတွက် တိကျမှုနှင့် ဖြစ်နိုင်မှု (Certainty and possibility of performance) နှင့် ဥပဒေအရ
ပုံစံတကျဖြစ်ခြင်း (Legal formalities)တို့ ပြည့်စုံရန် လိုအပ် ပါသည်။
စီးပွားရေးဆိုင်ရာစာချုပ်များ (Commercial Contract)
စီးပွားရေးလုပ်ငန်းများ၊ ကုန်သွယ်မှုနှင့်သက်ဆိုင်သောလုပ်ငန်းများအတွက်
ချုပ်ဆိုသောစာချုပ် များကို စီးပွားရေးဆိုင်ရာစာချုပ်များဟု ခေါ်ဆိုနိုင်ပါသည်။ အဆိုပါစာချုပ်အများစုမှာ
နိုင်ငံ၏ ပြည်တွင်း ဥပဒေများအရ စည်းနှောင်မှုရှိပါသည်။ ဥပဒေနှင့်အညီ တရားဝင်သော စာချုပ်တစ်
ခုတွင် ယေဘုယျ အားဖြင့် အောက်ဖော်ပြပါ အင်္ဂါရပ်များ ပါရှိပါသည်-
(က) သဘောတူညီချက် ပဋိညာဉ်ရှိရမည်၊
(ခ) စာချုပ်ဝင်တိုင်းသည် အဖိုးစားနားတစ်ခုခု ပေးအပ်ရမည်၊
(ဂ) စာချုပ်ဝင်များသည် ပဋိညာဉ်ချုပ်ဆိုရန်အတွက် ဥပဒေနှင့်ညီသော အရည်အချင်းရှိရမည်၊
(ဃ) စာချုပ်ဝင်များသည် စာချုပ်ချုပ်ဆိုရန်အတွက် လွတ်လပ်သော သဘောဆန္ဒရှိရမည်၊
(င) စာချုပ်၏ အကြောင်းအရာသည် ဥပဒေနှင့်အညီ ဖြစ်ရမည်။
စီးပွားရေးစာချုပ်အမျိုးမျိုးကို အောက်ပါအတိုင်း ခွဲခြားတွေ့ရှိ
နိုင်ပါ သည်။ ယေဘုယျအားဖြင့် စီးပွားရေး ဆိုင်ရာ စာချုပ်များသည် အောက်ဖော်ပြပါ လုပ်ငန်းများနှင့်
ဆက်နွယ်ကြပါသည်-
(က) ကုန်စည်ရောင်းချခြင်း၊
(ခ) ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခြင်း၊
(ဂ) ငှားရမ်းခြင်းလုပ်ငန်းများ၊
(ဃ) အသိဉာဏ်ပစ္စည်းများအသုံးပြုခြင်း(မူပိုင်ခွင့်၊ ကုန်အမှတ်တံ ဆိပ်၊
တီထွင်မှုမူပိုင်ခွင့်၊ စက်မှုဒီဇိုင်း စသည်များနှင့် ကုန်သွယ်မှု ဆိုင်ရာ လျှို့ဝှက်ချက်များ)
အပြည်ပြည်ဆိုင်ရာ စီးပွားရေးစာချုပ်များ (International
Commercial Contract)
အပြည်ပြည်ဆိုင်ရာစီးပွားရေးစာချုပ်များသည် မတူညီသောနိုင်ငံများ မှ
စာချုပ်ဝင်များအကြား ချုပ်ဆို သော စီးပွားရေးဆိုင်ရာစာချုပ်များကို ဆိုလိုခြင်းဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ စီးပွား ရေးစာချုပ် များနှင့် သက်ဆိုင်သော ဥပဒေများမှာ သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာ
ကွန်ဗင်းရှင်းများ၊ အပြည်ပြည် ဆိုင်ရာစာချုပ်များ၊ ပြည်တွင်းဥပဒေများ၊ စီးပွားရေးဆိုင်ရာ
ဓလေ့ထုံးစံများ နှင့် အသုံးပြုမှုများ ဖြစ်ကြပါသည်။
အပြည်ပြည်ဆိုင်ရာ စီးပွားရေးစာချုပ်များတွင် အရေးကြီးသည့် အချက်များ
ပြည်ပြည်ဆိုင်ရာ စီးပွားရေး စာချုပ်များတွင် အရေးကြီး သည့်အချက်များ စီးပွားရေးဆိုင်ရာ
စာချုပ်များနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးစာချုပ်တစ်ခုတွင် ပါရှိမြဲဖြစ်သော ဥပဒေရေးရာ
စာပိုဒ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) စာချုပ်နှင့် သက်ဆိုင်သည့် ဥပဒေ (Governing Law)၊
(ခ) အငြင်းပွားမှုကို ဖြေရှင်းခြင်း (Settlement of Disputes)၊
(ဂ) မလွန်ဆန်နိုင်သော ဖြစ်ရပ် (Force Majeure)၊
(ဃ) စာချုပ်စတင် အကျိုးသက်ရောက်သည့် နေ့ရက် (Entry into Force)၊
(င) စာချုပ်ပြင်ဆင်ခြင်း (Amendment)၊
(စ) စာချုပ်ရပ်စဲခြင်း (Termination)၊
(ဆ) စာချုပ်သက်တမ်းနှင့် စာချုပ်သက်တမ်း တိုးမြှင့်ခြင်း (Term
and Extension)၊
(ဇ) စာချုပ်အား ပြန်လည်စေ့စပ်ညှိနှိုင်းခြင်း (Negotiation)၊
(ဈ) အာမခံခြင်းနှင့် ကိုယ်စားပြုခြင်း (Indemnity and
Representation)၊
ပြည်ထောင်စုရှေ့နေချုပ်ရုံးက စိစစ်အကြံပေးသော စီးပွားရေးစာချုပ်များ
ပြည်ထောင်စုရှေ့နေချုပ်ရုံးက စိစစ်အကြံပေးသော စီးပွားရေးစာချုပ်များ
နိုင်ငံတော်နှင့်သက် ဆိုင် သော စီးပွားရေးဆိုင်ရာစာချုပ်များကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက
ပြည်ထောင်စုရှေ့ နေချုပ်ဥပဒေ၊ နည်း ဥပဒေ များနှင့်အညီ စိစစ်အကြံပြုလျက်ရှိပါသည်။ အဆိုပါ
စီးပွားရေး စာချုပ် အများစုမှာ အောက်ပါစာချုပ်များ ဖြစ်ပါသည်-
(က) ဖက်စပ်စာချုပ်များ၊
(ခ) ကုမ္ပဏီအသင်းအဖွဲ့မှတ်တမ်းနှင့် အသင်းအဖွဲ့စည်းမျဉ်းများ၊
(ဂ) မြေငှားစာချုပ်များ၊ အဆောက်အအုံငှားရမ်းသည့် စာချုပ်များ၊
(ဃ) တည်ဆောက်၊ လုပ်ဆောင်၊ လွှဲပြောင်းသည့် စာချုပ်များ၊ (BOT)
(င) ပြည်ပမှ ပစ္စည်းဝယ်ယူရေး စာချုပ်များ၊
(စ) ငွေချေးစာချုပ်များ၊
(ဆ) ရေနံ၊ သဘာဝဓာတ်ငွေ့နှင့်ဓာတ်သတ္တုရှာဖွေတူးဖော်ထုတ်လုပ် ရေးဆိုင်ရာ
စာချုပ်များ၊
(ဇ) စီးပွားရေးဆိုင်ရာစာချွန်လွှာများ၊ နားလည်မှုမှတ်တမ်းများ၊
(ဈ) ပြည်ပမှ အတိုင်ပင်ခံငှားရမ်းရေး စာချုပ်များ၊
(ည) ပြည်တွင်းရောင်းဝယ်ရေးစာချုပ်များ၊
(ဋ) ဆောက်လုပ်ရေးစာချုပ်များ၊
(ဋ္ဌ) တင်ဒါခေါ်ယူရေးစာချုပ်များ၊
(ဍ) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ အစိုးရပါဝင်သည့် အစုရှယ်ယာများဝယ်ယူခြင်း၊
လွှဲပြောင်းခြင်း ဆိုင်ရာ စာချုပ်များ၊
(ဎ) စီးပွားရေးဆိုင်ရာ အခြားစာချုပ်စာတမ်းများ၊
အငြင်းပွားမှုများကို ဖြေရှင်းခြင်း (Settlement of Disputes)
စီးပွားရေးဆိုင်ရာစာချုပ်များသည် တစ်ဦးနှင့်တစ်ဦး ပြေလည်မှုမရှိ သည့်အခါတွင်
အငြင်းပွားမှု များ ဖြေရှင်းရာ၌ အသုံးပြုကြပါသည်။ ထို့ကြောင့် အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ
နည်းလမ်း များကို စာချုပ် တွင် အတိအလင်း ထည့်သွင်းထားရန် လိုအပ်ပါသည်။ ထိုသို့ စာချုပ်တွင်ဖော်
ပြထား ခြင်းမရှိပါက အငြင်းပွားမှုဖြေရှင်းသည့် အခါတွင် မည်သည့်နည်းလမ်းဖြင့် ဖြေရှင်းရ
မည်ဆိုသည်ကို ရွေးချယ်နေရသ ဖြင့် အငြင်းပွားမှု ဖြေရှင်းခြင်း ဆိုင်ရာ နည်းလမ်းရွေးချယ်မှု
အတွက် အငြင်းပွားမှု တစ်ရပ် ပိုမိုလာပါသည်။ သို့ဖြစ်၍ စီးပွားရေးဆိုင်ရာ စာချုပ်များတွင်
အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာ စာပိုဒ်သည် အလွန်အရေးကြီးသော အချက်ဖြစ်ပါသည်။
အငြင်းပွားမှုဖြေရှင်းရာတွင် အဓိကအားဖြင့် အောက်ပါနည်းလမ်းနှစ်ရပ်
တွေ့ရှိရပါသည်-
(က) စီရင်ပိုင်ခွင့်ရှိသည့် သက်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုခြင်း
(Litigation)၊
(ခ) သမားရိုးကျမဟုတ်သော အငြင်းပွားမှုဖြေရှင်းခြင်း (Alternative
Dispute Resolution- ADR)၊
သမားရိုးကျမဟုတ်သော အငြင်းပွားမှုဖြေရှင်းခြင်း (Alternative
Dispute Resolution- ADR)
တရားရုံးများတွင် တရားစွဲဆိုခြင်းမှာ သမားရိုးကျနည်းလမ်း ဖြစ်ပါ
သည်။ သက်ဆိုင်ရာအမှု သည်များ သည် အငြင်းပွားမှုတစ်ခု ပေါ် ပေါက်လာသည့်အခါ မည်သူ၏ သဘောတူညီ
ချက်မျှမလိုဘဲ စီရင် ပိုင်ခွင့် အာဏာ ရှိသော တရားရုံးတွင် တရားစွဲဆိုခွင့်ရှိပါသည်။
ရုံးထိုင် သော တရားသူကြီးသည် နိုင်ငံတော် က ခန့်ထားသော တရား စီရင်ခွင့်အာဏာ ရရှိထားသူ
ဖြစ်ပါသည်။ အမှုသည်များသည် တရား သူကြီး ကို ရွေးချယ်ပိုင်ခွင့်မရှိပါ။ နိုင်ငံတော်၏
တရား စီရင် ရေး အာ ဏာအရ စစ်ဆေးစီရင် ဆောင်ရွက် ခြင်းဖြစ်ပါသည်။
မျက်မှောက်ခေတ်တွင် စီးပွားရေးဆိုင်ရာအငြင်းပွားမှုများကို တရားရုံး
များ၌ တရားစွဲဆိုခြင်း နည်းလမ်း ကို အသုံးပြုခြင်း နည်းပါးလာပါ သည်။ သမားရိုးကျမဟုတ်သော
နည်းလမ်း (Alternative Dispute Resolution- ADR) ဖြင့်ဖြေရှင်းသည့်နည်းလမ်းကို ကမ္ဘာ့နိုင်ငံအများ
စုတွင်ကျင့်သုံးလာပါသည်။ သမားရိုးကျမဟုတ်သော နည်းလမ်းဖြင့် အငြင်းပွားမှုဖြေရှင်းခြင်း
တွင် စေ့စပ်ဖြန်ဖြေခြင်း (Mediation)၊ ညှိနှိုင်း ဖြေရှင်းခြင်း (Negotiation)၊ ဆွေးနွေးအဖြေရှာ
ခြင်း (Conciliation) နှင့် အနုညာတစီရင်ဆုံး ဖြတ်ခြင်း (Arbitration)တို့ ပါဝင်ပါသည်။
အနုညာတစီရင်ဆုံးဖြတ်ခြင်း (Arbitration)
အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုသည်မှာ တရားစီရင်ရေးမဟုတ်ပါ။ သို့ရာတွင်
တရားစီရင်ရေး သဘော သက်ရောက်သော ဆောင်ရွက် ချက် (Quasi-Judicial Function)ဖြစ်ပါသည်။
တရားသူကြီးက စီရင် ဆုံးဖြတ်ခြင်း မဟုတ်သော်လည်း နှစ်ဖက်အမှုသည်များက အနုညာ တ စီရင်ဆုံးဖြတ်ခြင်းကို
ခံယူရန် သဘောတူညီချက်ရှိပြီး နှစ်ဖက်အမှု သည်များက ရွေးချယ်ခန့် ထား သော ခုံသမာဓိလူကြီး
(Arbitrator) များက စစ်ဆေးစီရင်ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။ ထိုသို့ဆုံးဖြတ်ရန် အတွက်
သက်ဆိုင်ရာ အနုညာတခုံရုံးဥပဒေ (The Arbitration Law) ကို လိုက်နာဆောင်ရွက်ရပါသည်။ အနုညာတခုံရုံး
ဆုံးဖြတ် ချက်သည် အမှုသည်များအပေါ် အာဏာသက်ရောက်မှု၊ စည်းနှောင် မှုရှိပြီး ယေဘုယျအားဖြင့်
အပြီးအပြတ်ဖြစ်ပါသည်။
လွင်သွင်ဦး
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment