Tuesday, December 4, 2018

''အဂတိလိုက်စားမှု တားဆီးကာကွယ်ဖို့ တာဝန်ယူမှုမြှင့်တင်ကြပါစို့'' ခေါင်းစဉ်ဖြင့် ဖိုရမ်ကို ရန်ကုန်မြို့၌ ကျင်းပမည်


နေပြည်တော် ဒီဇင်ဘာ ၃
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)တို့နှင့် ပူးပေါင်း၍ ''အဂတိလိုက်စားမှု တားဆီးကာကွယ်ဖို့ တာဝန် ယူမှုမြှင့် တင်ကြပါစို့'' ခေါင်းစဉ်ဖြင့် ဖိုရမ်ကို
ဒီဇင်ဘာ ၆ ရက်တွင် Rose Garden Hotel၌ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါဖိုရမ်တွင် နံနက်ပိုင်း၌ စီးပွားရေးပညာရှင် ဆရာကြီး ဦးမြင့်၊ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၊ ဦးခင်မောင်ညို (ဘောဂဗေဒ)၊ ဒေါက်တာတင်မောင်သန်း(သင့်ဘဝ) တို့က ဟောပြော ဆွေးနွေးမည်ဖြစ်ပြီး မွန်းလွဲပိုင်းတွင် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က သဘာပတိ အဖြစ် ဆောင်ရွက်ပြီး အစိုးရအဖွဲ့ အစည်း၊ စီးပွားရေးအဖွဲ့အစည်း၊ မီဒီယာအဖွဲ့အစည်း၊ လူမှုအဖွဲ့ အစည်း များမှ ကိုယ်စားလှယ်များ ပါဝင်သော စကားဝိုင်းဆွေးနွေး ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment